Connect with us

China

ကမ္ဘာ့အကြီးဆုံး လုပ်ငန်းသုံး စက်ရုပ်ဈေးကွက်အဖြစ် တရုတ်နိုင်ငံ ဆက်လက်ရပ်တည်နေ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံ ကျင်းပနေစဉ် စက်ရုပ်တစ်ရုပ်က တရုတ်လက်ရေးလှ ရေးပြနေပုံအား ဧည့်ပရိသတ်များက ကြည့်ရှုနေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လုပ်ငန်းသုံး စက်ရုပ်ဈေးကွက်အဖြစ် ၁၁ နှစ်ဆက်တိုက် ရပ်တည်နေဆဲဖြစ်ကြောင်း ပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံတွင် တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ လုပ်ငန်းသုံးစက်ရုပ် ထုတ်လုပ်မှုပေါင်း ၄၃၀,၀၀၀ ရှိလာခဲ့ကာ လွန်ခဲ့သည့် သုံးနှစ်အတွင်း တရုတ်နိုင်ငံ၏ စက်ရုပ်သစ်များ ပေါင်းစပ်တပ်ဆင်မှုသည်လည်း ကမ္ဘာ့ဈေးကွက်၏ ထက်ဝက်ကျော်ရှိကြောင်း အချက်အလက်များက ညွှန်ပြနေသည်ဟု တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ရှင်းကောပင်က ဆိုသည်။

ဆယ်စုနှစ်တစ်ခုကြာ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီးနောက် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စက်ရုပ်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာ ထောက်ခံအားပေးသူ ဖြစ်လာခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်၏ စက်ရုပ်ထုတ်လုပ်မှု လုပ်ငန်းသည် ဆန်းသစ်မှုနှင့် တီထွင်ထုတ်လုပ်မှုတို့တွင် ကြီးကြီးမားမား တိုးတက်မှုရှိခဲ့ကြောင်း၊ စက်ရုပ်များ၏ အသိဉာဏ်၊ နားလည်သိမြင်မှု၊ အစီအစဉ်ထည့်သွင်းမှုနှင့် ထိန်းချုပ်မှုနည်းပညာများကို သုတေသနပြု တီထွင်ရာတွင် အရေးပါသော တိုးတက်မှုအသစ်များ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စက်ရုပ်နှင့်ဆက်စပ်သော အရေးပါသည့် မူပိုင်ခွင့်မှတ်ပုံတင်မှုပေါင်း ၁၉၀,၀၀၀ ကျော်ရှိခဲ့ကာ ထိုပမာဏသည် တစ်ကမ္ဘာလုံး အတိုင်းအတာ၏ သုံးပုံနှစ်ပုံခန့်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် “Robot plus Application” အစီအစဉ်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်လျက်ရှိကာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် စက်ရုပ်များအား ပေါင်းစပ်အသုံးချရေးကို အားပေးထောက်ကူလျက်ရှိသည်ဟု ရှင်းက ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် လုပ်သားဦးရေ ၁၀,၀၀၀ လျှင် စက်ရုပ်အရေအတွက် ၄၉ ခုမှ ၄၇၀ ခုအထိ သိသိသာသာ တိုးလာခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့၌ ငါးရက်ကြာကျင်းပမည့် ထိုညီလာခံကို ဩဂုတ် ၂၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး Tesla နှင့် Siasun ကဲ့သို့ ကမ္ဘာကျော်ကုမ္ပဏီကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း ၁၆၉ ခု တက်ရောက်ခဲ့သည်။ ညီလာခံတက်ရောက်သည့် ကုမ္ပဏီများက စက်ရုပ်ပေါင်း ၆၀၀ ကျော်ကို ပြသလျက်ရှိကာ ၎င်းတို့အနက် စက်ရုပ် ၆၀ ကျော်ကို ထိုညီလာခံ၌ နိုင်ငံတကာသို့ ပွဲဦးထွက် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………
(English Version)
China remains world’s largest industrial robot market
BEIJING, Aug. 22 (Xinhua) — China has remained the world’s largest market for industrial robots for an 11th consecutive year, an official with the Ministry of Industry and Information Technology (MIIT) said Thursday at the ongoing 2024 World Robot Conference in Beijing.
Data shows that in 2023, China’s industrial robot production had reached 430,000 sets, while the country’s newly added robot installations accounted for more than half of the global market over the past three years, said Xin Guobin, vice minister of the MIIT.
After a decade of rapid development, China has become a strong promoter of the growth of the global robot industry, Xin added.
Xin said that over the years, China’s robot industry has made great progress in innovation and development, and new breakthroughs have been achieved in the research and development of bionic perception, cognition, planning and control technologies.
As of July 2024, China boasted more than 190,000 effective robot-related patents, accounting for about two-thirds of the global total.
According to Xin, China is deepening implementation of the “Robot plus Application” initiative, promoting the integration of robots across various industries. During the past 10 years, the number of robots per 10,000 workers in China’s manufacturing sector has surged from 49 to 470.
The five-day conference in Beijing began on Wednesday, with 169 enterprises from around the world participating, including major global players like Tesla and Siasun. Participating companies are showcasing more than 600 units of robots, with over 60 of them making their world debuts at this conference. Enditem
English Caption
BEIJING, Aug. 21, 2024 (Xinhua) — Visitors watch as a robot writes Chinese calligraphy during the World Robot Conference 2024 in Beijing, capital of China, Aug. 21, 2024. (Xinhua/Zhang Chenlin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.