Connect with us

China

တရုတ်-ဘီလာရုဇ် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး တိုးတက်မှု အဆင့်မြှင့်ရေးအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ်ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဘီလာရုဇ်နိုင်ငံ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဘီလာရုဇ်နိုင်ငံ မင့်ခ်စ်မြို့၌ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

မင့်ခ်စ်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဘီလာရုဇ်နိုင်ငံနှင့်အတူ နယ်ပယ်စုံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး တိုးတက်မှု အဆင့်မြှင့်တင်ရေးအတွက် တွန်းအားပေးဆောင်ရွက်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဩဂုတ် ၂၂ ရက်၌ ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် လီသည် ဘီလာရုဇ်နိုင်ငံ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် မင့်ခ်စ်မြို့ရှိ လွတ်လပ်ရေးနန်းတော်တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် လီက လူကာရှန်ကိုထံ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ နွေးထွေးသောနှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့သည်။ တရုတ်-ဘီလာရုဇ် ဆက်ဆံရေးသည် လွန်ခဲ့သော ၃၂ နှစ်အကြာ သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစ၍ နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ အားအင်ပြည့် တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း လီက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Wk3


……………………………………..
(English Version)
Chinese premier says to promote high-level development of China-Belarus bilateral partnership
MINSK, Aug. 22 (Xinhua) — Chinese Premier Li Qiang said here Thursday that China stands ready to work with the Belarusian side to push for the high-level development of their all-weather comprehensive strategic partnership.
Li made the remarks while meeting with Belarusian President Alexander Lukashenko at the Palace of Independence in Minsk.
Li conveyed Chinese President Xi Jinping’s cordial greetings to Lukashenko. Li said that China-Belarus relations, regardless of how the international situation changes, have always shown vigor and vitality since the establishment of diplomatic ties 32 years ago.
Photo 1, 2: Chinese Premier Li Qiang meets with Belarusian President Alexander Lukashenko at the Palace of Independence in Minsk, Belarus, Aug. 22, 2024. (Xinhua/Li Xiang)