Connect with us

North America

အမေရိကန်နိုင်ငံ၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒက ကုန်သွယ်ရေးစစ်ပွဲ တစ်ကျော့ပြန် ဖြစ်ပွားလာမည်ကို ကမ္ဘာတစ်ဝန်း၌ စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်ဆန်သော ငွေကြေးအထောက်အပံ့များ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အယူခံ တရားသူကြီးအဖွဲ့ ရွေးချယ်ရာတွင် အစဉ်တစိုက် နှောင့်ယှက်ခြင်းနှင့် သွင်းကုန်များအပေါ် မြင့်မားသော အခွန်နှုန်းထားများ သတ်မှတ်ခြင်းတို့သည် ကုန်သွယ်ရေးစစ်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာမည်ကို ကမ္ဘာတစ်ဝန်း၌ စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ကုန်ထုတ်လုပ်မှု ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် အမေရိကန် မီဒီယာများ၏ ဝေဖန်မှုနှင့်စပ်လျဉ်း၍ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းချက်တစ်ခုအား တုံ့ပြန်ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းသည် အစိုးရအထောက်အပံ့ သို့မဟုတ် ကိုယ်ကျိုးစီးပွားကာကွယ်ရေး လုပ်ဆောင်ချက်များထက် သုတေသနနှင့် တီထွင်ထုတ်လုပ်မှု ကဏ္ဍတွင် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုနှင့် သိသာသော အားသာချက်များကို အမှီပြုလျက် ကမ္ဘာတစ်ဝန်း၌ ဂုဏ်သတင်းကျော်ကြားလျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုနဲ့ ထောက်ပံ့ကွင်းဆက်တွေရဲ့ တည်ငြိမ်မှုကို ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက်နဲ့ သေချာအောင် ထိန်းသိမ်းပေးပြီး ကမ္ဘာတစ်ဝန်း နည်းပညာ တိုးတက်ဖြစ်ထွန်းမှုနဲ့ အဆင့်မြှင့်တင်မှုကိုလည်း အားပေးထောက်ကူနေပါတယ်” ဟု လျင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကုန်စည်တင်ပို့မှုတွင် ကမ္ဘာ့ဈေးကွက်ဝေစု အများဆုံးရရှိထားမှုကို ၁၅ နှစ်ဆက်တိုက် ထိန်းသိမ်းကာ သွင်းကုန်ကဏ္ဍတွင် ဈေးကွက်ဝေစု ဒုတိယအများဆုံး ရရှိထားမှုကိုလည်း ၁၅ နှစ်ဆက်တိုက် ထိန်းသိမ်းနိုင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်စွာ တိုးတက်မှုကို အထောက်အကူပြုရန် အရေးပါသော အခန်းကဏ္ဍ၌ပါဝင်လျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် အကျပ်အတည်းတစ်ခုနှင့် ကြုံရသည့်အခါတိုင်း ၎င်းတို့၏ မီဒီယာများနှင့် ပုဂ္ဂိုလ်အချို့က တခြားနိုင်ငံများအား အပြစ်ပုံချစရာ သားကောင်အဖြစ် အသုံးချနေကြောင်းလည်း ၎င်းက ဆိုသည်။
ကုန်သွယ်ရေးစစ်ပွဲ တစ်ကျော့ပြန် ဖြစ်ပွားနိုင်သည့်အပေါ် ကမ္ဘာတစ်ဝန်း စိုးရိမ်မှုများ ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်းသည် ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေဖြင့် တစ်ဖက်သတ်ဆန်သော အထောက်အပံ့များပေးခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အယူခံ တရားသူကြီးအဖွဲ့ ရွေးချယ်ရာတွင် အစဉ်တစိုက် နှောင့်ယှက်ခြင်းနှင့် အခြားနိုင်ငံများမှ ထုတ်ကုန်များအား မြင့်မားသော စည်းကြပ်ခွန် သတ်မှတ်မှုများ မကြာခဏ လုပ်ဆောင်ခြင်းကဲ့သို့သော အမေရိကန်နိုင်ငံ၏ အစီအမံများကြောင့် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထောက်ပြပြောဆိုခဲ့သည်။
ယမန်နှစ်တွင် WTO အဖွဲ့ဝင်နိုင်ငံများအကြား အမေရိကန်တစ်နိုင်ငံတည်းက ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီး ၄၅၄ ခုအား တိုင်ကြားခဲ့ကြောင်း၊ ယင်းသည် ၎င်း၏နောက်မှ အဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံ၏ တိုင်ကြားမှု စုစုပေါင်းထက်ပင် ပိုများနေကြောင်း ကိန်းဂဏန်း အချက်အလက်များက ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်ဟုလည်း ၎င်းက ဆိုသည်။
“ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒဟာ တစ်ဦးတစ်ယောက်တည်း အောင်မြင်ရေးဆိုတဲ့ အယူအဆအမှားကို အထောက်အကူ မပေးနိုင်ရုံတင်မကဘဲ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေတဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေကိုပါ ဆုံးရှုံးစေမှာဖြစ်တယ်” ဟု လျင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် နက်ရှိုင်းစွာ ပေါင်းစည်းလျက်ရှိကာ အနာဂတ်ကာလတွင်လည်း အဆင့်မြင့်သော အခွင့်အလမ်းများ ဖွင့်လှစ်ပေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မောင်းနှင်အားသစ်တစ်ခု ဖန်တီးခြင်းတို့ကိုလည်း ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်တွင် တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အမြဲထာဝရ အခွင့်အလမ်းတစ်ခုအဖြစ် ရှိနေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
……………………………………….
(English Version)
U.S. protectionist measures trigger global worries about trade war: spokesperson
BEIJING, Aug. 26 (Xinhua) — U.S. discriminatory subsidies, continuous obstruction of the selection of judges for the Appellate Body of the World Trade Organization (WTO), and the imposition of high tariffs on imported products have triggered global worries about a new round of trade wars, a Chinese foreign ministry spokesperson said on Monday.
Spokesperson Lin Jian made the remarks at a regular press conference in response to a query regarding U.S. media criticism of China’s investment in the manufacturing industry.
Lin said that China’s manufacturing industry enjoys a global reputation relying on continuous R&D investment and comparative advantages, rather than subsidies or protectionist moves.
“We have ensured the stability of global production and supply chains with our complete manufacturing industry chain, and have also promoted technological progress and industrial upgrading worldwide,” Lin said.
He added that China has maintained the world’s top market share in goods trade exports for 15 consecutive years and the second-highest market share in imports for 15 consecutive years, playing an important role in promoting stable global economic development.
Whenever the United States finds itself in a predicament, some individuals and media in the United States use other countries as scapegoats to shift the blame, Lin said.
Lin further pointed out that the main factors causing global concerns about a new round of trade wars are U.S. measures including the discriminatory subsidies under the Inflation Reduction Act, the continuous obstruction of the selection of judges for the Appellate Body of the WTO, and the frequent imposition of high tariffs on products from other countries.
He added that data clearly showed that last year, among members of the WTO, the United States alone reported 454 technical barriers to trade, more than the total reported by the following five members.
“Protectionism cannot bring the illusion of ‘winning alone’, but will only lose opportunities for win-win cooperation,” Lin said, adding that the Chinese economy has integrated deeply with global development, and in the future it will further expand high-level opening up and cultivate new driving forces for global economic development.
On the path of open cooperation, China will always be an opportunity for the world, he said. Enditem

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.