Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေး ဆွေးနွေးပွဲအသစ် ပြုလုပ်

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်း၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ တရုတ်-အမေရိကန် မဟာဗျူဟာမြောက် ဆက်ဆံရေး ဆွေးနွေးပွဲအသစ် ပြုလုပ်နေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့သည် ဩဂုတ် ၂၇ ရက်တွင် ပေကျင်းမြို့၌ မဟာဗျူဟာမြောက် ဆက်ဆံရေး ဆွေးနွေးပွဲအသစ်ကို စတင်ခဲ့ကြောင်း သိရသည်။
ဆန်ဖရန်စစ္စကိုမြို့၌ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရရှိခဲ့သည့် ဘုံသဘောတူညီမှုများကို အကောင်အထည်ဖော်ခြင်းသည် တရုတ်-အမေရိကန် မဟာဗျူဟာမြောက် ဆက်ဆံရေး ဆွေးနွေးပွဲအသစ်၏ အဓိက လုပ်ငန်းစဉ်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
ဝမ်က ဆူလီဗန်၏ ခရီးစဉ်ကို ကြိုဆိုခဲ့ကာ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံမှုများသည် နှစ်နိုင်ငံစလုံးအတွက် အလွန်အရေးပါသကဲ့သို့ တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုများ ရှိနေသည်ဟုလည်း အလေးအနက် ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးသည် အကွေ့အကောက်များ ပြည့်နှက်နေခဲ့ကြောင်း၊ သမ္မတရှီကျင့်ဖိန်နှင့် သမ္မတဂျိုးဘိုင်ဒန်တို့၏ မဟာဗျူဟာမြောက် လမ်းညွှန်ချက်များအရ နှစ်နိုင်ငံအနေဖြင့် ဘာလီ ထိပ်သီးဆွေးနွေးပွဲ၌ သဘောတူညီထားသည့်အတိုင်း ပြန်လည်ဦးတည်နိုင်ခဲ့ကာ ဆန်ဖရန်စစ္စကို ခရီးစဉ်အား စတင်နိုင်ခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။
အတွေ့အကြုံများကို ပေါင်းစုကာ အတုယူဖွယ် သင်ခန်းစာများကို မှတ်သားရမည်ဖြစ်ကြောင်း၊ အဓိကသော့ချက်သည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများ၏ ဘုံဦးတည်ရာလမ်းကြောင်းကို ထိန်းမတ်ပေးရန်ဖြစ်ကြောင်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသည် ဆန်ဖရန်စစ္စကို၌ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရေးအတွက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံး၏ ဘုံတာဝန်ပင်ဖြစ်ကာ လာမည့်နှစ်ရက်အတွင်း အမေရိကန်နိုင်ငံနှင့် နက်နဲသော ဆက်ဆံမှုများ လုပ်ဆောင်ရန် မျှော်လင့်လျက်ရှိကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။
ထိုဆက်ဆံမှုသည် အစဉ်သဖြင့် မဟာဗျူဟာကျ၍ ထိထိရောက်ရောက်ရှိမည်ဖြစ်ကာ ပိုမိုအပြုသဘောဆောင်လိမ့်မည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်၍ ခိုင်မာအားကောင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ အမှန်တကယ်ရရှိရေးအတွက် ဆန်ဖရန်စစ္စကို မျှော်မှန်းချက်ဆီသို့ ရှေးရှုလျက် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် အဟန့်အတားများကို ကျော်လွှားကာ အတားအဆီးများကို ဖယ်ရှားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဆူလီဗန်ကလည်း အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ လေးလေးနက်နက် ကြိုတင်ပြင်ဆင်ထားမှုများအတွက်လည်း တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ဆက်ဆံရေးကို တာဝန်သိသိ စီမံဆောင်ရွက်ရန်နှင့် ယှဉ်ပြိုင်မှုမှ ပဋိပက္ခအဖြစ်သို့ မရောက်ရှိစေရေးနှင့် ဘုံအကျိုးစီးပွားချင်း တူညီသော ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို နှစ်ဖက်စလုံးက ရှာဖွေရေးအတွက် အသေအချာလုပ်ဆောင်ရန် သမ္မတဂျိုးဘိုင်ဒန်က စိတ်ပိုင်းဖြတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းမဟာဗျူဟာမြောက် ဆက်ဆံရေးမှတစ်ဆင့် ကျယ်ပြန့်သော ကိစ္စရပ်များစွာတို့အတွက် တရုတ်နိုင်ငံနှင့် အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရရှိထားသော ဘုံသဘောတူညီမှုများကို လက်တွေ့အကောင်အထည်ဖော်ရန် မျှော်လင့်လျက်ရှိကြောင်းလည်း ဆူလီဗန်က ပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
2nd LD-Writethru: Wang Yi, Jake Sullivan hold new round of China-U.S. strategic communication
BEIJING, Aug. 27 (Xinhua) — Wang Yi, director of the Office of the Central Commission for Foreign Affairs, started a new round of China-U.S. strategic communication with U.S. National Security Advisor Jake Sullivan in Beijing on Tuesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that delivering on the common understandings reached by the two heads of state in San Francisco is the main task of the new round of China-U.S. strategic communication.
Wang welcomed Sullivan’s visit to China, noting that the bilateral ties are crucial to both countries and have global implications.
In the past few years, the relationship between China and the United States has been full of twists and turns, Wang said, adding that under the strategic guidance of President Xi Jinping and President Joe Biden, the two countries have achieved returning to what was agreed at the Bali summit and embarking on the journey to San Francisco.
Wang said that experience is worth summarizing and lessons need to be learned, stressing that the key is to anchor the general direction of mutual respect, peaceful coexistence and win-win cooperation.
It is the common responsibility of both China and the United States to implement the common understandings reached by the two heads of state in San Francisco, Wang said, noting that he looks forward to in-depth communication with the U.S. side over the next two days.
Wang said it is hoped that this communication will be strategic and substantive as always, and also more constructive. The two sides should overcome disturbances and remove obstacles in order to promote China-U.S. relations toward the San Francisco vision, truly achieving stable, healthy and sustainable development of bilateral ties.
Sullivan said he was pleased to be in China for his first visit as U.S. National Security Advisor, and thanked the Chinese side for the thoughtful arrangements.
President Biden is committed to managing the U.S.-China relationship responsibly, and ensuring that competition does not turn into conflict and that the two sides find ways to work together where common interests align, he added.
Sullivan said he looks forward to having a productive dialogue with the Chinese side on a wide range of issues through this strategic communication and implementing the common understandings reached by the two heads of state. Enditem
English Caption
BEIJING, Aug. 27, 2024 (Xinhua) — Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs, holds a new round of China-U.S. strategic communication with U.S. National Security Advisor Jake Sullivan in Beijing, capital of China, Aug. 27, 2024. (Xinhua/Ding Lin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.