Connect with us

China

စက်ဘီးစီးအားကစားသမား Li က ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲတွင် တရုတ်နိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆွတ်ခူးပေးနိုင်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲ၊ မသန်စွမ်းစက်ဘီးစီးပြိုင်ပွဲ C1 အမျိုးသား မီတာ ၃,၀၀၀ တစ်ဦးချင်းပြိုင်ပွဲဖိုင်နယ်ပွဲစဉ်တွင် တရုတ်နိုင်ငံမှ Li Zhangyu (ဝဲ) နှင့် Liang Weicong တို့ ယှဉ်ပြိုင်နေသည်ကို ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)
တရုတ်စက်ဘီးစီးအားကစားသမား Li Zhangyu သည် ဩဂုတ် ၂၉ ရက်တွင် ကျင်းပသော ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲ၊ အမျိုးသား C1 မီတာ ၃,၀၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် တစ်နယ်တည်းသားချင်း Liang Weicong ကို ကျော်ဖြတ်ကာ နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲ၊ အမျိုးသား C1 မီတာ ၃,၀၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက် ၃၆ နှစ်အရွယ် Li သည် ၂၀၁၂ ခုနှစ်က လန်ဒန်ပြိုင်ပွဲ၌ ငွေတံဆိပ်၊ ၂၀၁၆ ခုနှစ် ရီယိုပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့် ၂၀၂၀ တိုကျိုပြိုင်ပွဲတွင် ‌ကြေးတံဆိပ်စသည့် ဆုများရရှိခဲ့သူဖြစ်သည်။ ယခုရရှိသည့် ရွှေတံဆိပ်မှာမူ ၎င်း၏ မသန်စွမ်းအိုလံပစ်ခရီး၌ ပဉ္စမမြောက် ရွှေတံဆိပ်ဆုလည်း ဖြစ်သည်။
“ဒီရွှေတံဆိပ်ဆုက ၂၀၂၀ တိုကျိုပွဲမှာ ကျွန်တော့်ဝမ်းနည်းမှုတွေအတွက် ရရှိခဲ့တာပါ။ ကမ္ဘာ့စံချိန်ချိုးဖို့ ကျွန်တော်စဉ်းစားထားပေမဲ့ ဒီလောက်ကြီးကျော်ဖြတ်နိုင်မယ်လို့တော့ ကျွန်တော်မမှန်းထားခဲ့ပါဘူး” ဟု Li က ဆိုသည်။
လီသည် အရည်အချင်းစစ်ချိန်က ရရှိခဲ့သော အချိန် ၃:၃၂:၃၃၈ ထက် လေးစက္ကန့်ကျော်ဖြင့် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံကိုယ်စားပြုအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
Li က ၎င်းအနေဖြင့် တရုတ်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ရယူပေးနိုင်လိမ့်မည်ဟု ယခင်က မထင်မိကြောင်း၊ ယခုလိုကြားသိရသည့်အတွက် လွန်စွာစိတ်လှုပ်ရှားမိကြောင်းနှင့် မိမိအတွက်လည်း အလွန်အမင်းဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲ၊ မသန်စွမ်းစက်ဘီးစီးပြိုင်ပွဲ C1 အမျိုးသား မီတာ ၃,၀၀၀ တစ်ဦးချင်းပြိုင်ပွဲဖိုင်နယ်ပွဲစဉ်တွင် တရုတ်နိုင်ငံမှ Li Zhangyu (ဝဲ) နှင့် Liang Weicong တို့ ယှဉ်ပြိုင်နေသည်ကို ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲ၊ မသန်စွမ်းစက်ဘီးစီးပြိုင်ပွဲ C1 အမျိုးသား မီတာ ၃,၀၀၀ တစ်ဦးချင်းပြိုင်ပွဲဖိုင်နယ်ပွဲစဉ်တွင် တရုတ်နိုင်ငံမှ Li Zhangyu (ဝဲ) အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည်ကို ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Cyclist Li claims China’s 1st gold at Paris Paralympics
PARIS, Aug. 29 (Xinhua) — Chinese cyclist Li Zhangyu claimed the nation’s first gold medal by beating his compatriot Liang Weicong in the men’s C1 3,000m individual pursuit gold medal match at Paris Paralympics here on Thursday.
In the Paralympic C1 3,000m individual pursuit event, Li, 36, had taken a silver at London 2012, a gold at Rio 2016 and a bronze at Tokyo 2020. Furthermore, this is the fifth gold in his Paralympic tours.
“The gold medal made up for my regret at Tokyo 2020,” Li said. “I thought about breaking the world record, but I didn’t expect I could surpass it that much.”
Li upgraded the new world record by over 4 seconds in the qualifying with a time of 3:31.338 and advanced to the gold medal match with Liang, ensuring a gold medal for the Chinese delegation before the final.
Li did not know before the match that he would win the first gold medal for China. “I am very excited to hear that. It’s a huge honor for me.”
Photo 1, 2: Li Zhangyu (L) and Liang Weicong of China compete during the men’s C1 3000m individual pursuit final of para cycling track at the Paris 2024 Paralympic Games in Paris, France, Aug. 29, 2024. (Xinhua/He Canling)
Photo 3: Li Zhangyu (L) of China celebrates after winning the men’s C1 3000m individual pursuit final of para cycling track at the Paris 2024 Paralympic Games in Paris, France, Aug. 29, 2024. (Xinhua/He Canling)