Connect with us

Europe

ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အထောက်အကူပြုရေးအတွက် အမှန်တကယ် ကြိုးပမ်းအားထုတ်ရန် အမေရိကန်နိုင်ငံအား ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် တိုက်တွန်း

ယူကရိန်းနိုင်ငံအား စစ်လက်နက်များ ထောက်ပံ့နေမှုနှင့်စပ်လျဉ်း၍ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရေးကိစ္စနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အထောက်အကူပြုရေးနင့် အကျပ်အတည်း ပြေလျော့ရေးတို့အတွက် အမှန်တကယ် အားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်ရန် အမေရိကန်နိုင်ငံအား ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၃၀ ရက်တွင် တိုက်တွန်းခဲ့သည်။
“အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းအရေးကိစ္စမှာ လူအထင်ကြီးစေမယ့် စကားလုံးတွေကို သုံးနှုန်းပြောဆိုနေမဲ့အစား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အထောက်အကူဖြစ်စေဖို့နဲ့ အကျပ်အတည်း ပြေလျော့စေဖို့ အမှန်တကယ် ကြိုးပမ်းအားထုတ်သင့်ပါတယ်” ဟု ယူကရိန်းအား စစ်လက်နက်များ ထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ အမေရိကန်နိုင်ငံ ကိုယ်စားလှယ်၏ ပြောကြားချက်ကို တုံ့ပြန်ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးအကြီးဆုံး လုပ်ဆောင်ရမည့် တာဝန်မှာ စစ်ပွဲအဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးတို့အတွက် အပစ်အခတ်ရပ်စဲရေးကို အထောက်အကူပေးရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ထောက်ခံပြောဆိုလျက်ရှိကာ ကြိုးပမ်းအားထုတ်မှု မှန်သမျှကို အဆုံးစွန်အထိ လုပ်ဆောင်ရန် တိုက်တွန်းလျက်ရှိကြောင်း ကိန်းက ပြောကြားခဲ့သည်။
“ဒါပေမဲ့လည်း အမေရိကန်နိုင်ငံဟာ ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မျက်ကွယ်ပြုရုံတင်မကဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မုသားစကားတွေ ဆက်လက်ဖြန့်ဝေနေသလို ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် သားပုပ်လေလွင့် စွပ်စွဲမှုတွေ လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံက အဲဒီလုပ်ရပ်တွေကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး လုံးဝလက်သင့်မခံပါဘူး” ဟု ကိန်းက ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် စစ်ပွဲအဆုံးသတ်ရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုလျှင် တာဝန်ဝတ္တရားများကို ရှောင်လွှဲ၍ ထိပ်တိုက်ပဋိပက္ခများကို ဖန်တီးမည့်အစား တရုတ်ကဲ့သို့ ယူကရိန်းအရေးအတွက် စိုးရိမ်နေသည့် နိုင်ငံများနှင့်အတူ ကြိုးပမ်းအားထုတ်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်း ကိုယ်စားလှယ်က အလေးအနက်ပြောကြားခဲ့သည်။
ယူကရိန်း အကျပ်အတည်းသည် ပြေလျော့ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပေါ်လျက်ရှိကာ သေကြေပျက်စီးစေနိုင်စွမ်းနှင့် အဖျက်စွမ်းအားပိုကြီးသော စစ်လက်နက်နှင့်ခဲယမ်း ပမာဏများစွာတို့သည် အမျိုးအစား ပိုမိုစုံလင်စွာဖြင့်လည်းကောင်း၊ အတိုင်းအတာ ပိုမိုကျယ်ပြန့်စွာဖြင့်လည်းကောင်း စစ်မြေပြင်ဆီသို့ ပျံ့နှံ့ရောက်ရှိလျက်ရှိကြောင်း၊ ထိုအခြေအနေသည် အလွန်အမင်း စိုးရိမ်စရာကောင်းကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
စစ်မြေပြင်ဆီသို့ စစ်လက်နက်ထောက်ပံ့မှု မြင့်တက်လာခြင်းသည် ထိခိုက်နစ်နာမှုများကို ပိုမိုဖြစ်ပေါ်စေရုံသာရှိပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည် မဟုတ်ကြောင်း၊ အုပ်စုဖွဲ့၍ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ဆက်လက်ထောက်ခံအားပေးခြင်းသည်လည်း အကျပ်အတည်းကို ပိုမိုဆိုးရွားစေရုံသာရှိပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို ပိုမိုခက်ခဲစေရုံသာ ရှိလိမ့်မည်ဖြစ်ကြောင်း ကိန်းက သတိပေးခဲ့သည်။
“လတ်တလော အရေးတကြီး လုပ်ဆောင်ရမယ့် အရာဟာ စစ်ဘောင်မကျယ်ပြန့်စေရေး၊ စစ်ပွဲအရှိန်မမြင့်တက်ရေး၊ ဘယ်နိုင်ငံကမှ ရန်မစရေး အစရှိတဲ့ မူသုံးရပ်ကို စောင့်ထိန်းလိုက်နာပြီး တင်းမာနေတဲ့ အခြေအနေကို တတ်နိုင်သမျှ အမြန်ဆုံးလျှော့ချဖို့ပဲ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးဆန္ဒကို ထင်ထင်ရှားရှားပြသရန်၊ တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံဆွေးနွေးရန်၊ အပစ်အခတ်ရပ်စဲ၍ တိုက်ပွဲများကို ရပ်တန့်ရန်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆောလျင်စွာ စတင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သင့်လျော်သည့် အခြေအနေများကို ဖန်တီးကာ လက်တွေ့ကျကျ အကူအညီပေးရန်၊ သက်ဆိုင်သူအားလုံးအနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု ကိစ္စရပ်များကို အလေးထားလျက် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲအဆုံးသတ်ရေးတို့အတွက် သံတမန်လမ်းကြောင်းမှ ကြိုးပမ်းမှုများတွင် ၎င်းတို့၏ အင်အားအရင်းအမြစ်များ၊ အားထုတ်မှုများကို ပုံအောအသုံးပြုသွားရန် ကိန်းက တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံက ယူကရိန်းအကျပ်အတည်းအား ဖန်တီးခဲ့ခြင်း မဟုတ်သကဲ့သို့ ၎င်းအကျပ်အတည်းတွင် ပါဝင်ပတ်သက်ခြင်းလည်း မရှိကြောင်း၊ ယင်းပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော မည်သည့်ဘက်ကိုမှလည်း စစ်လက်နက်များ ထောက်ပံ့ခဲ့ခြင်းမရှိကြောင်း၊ တရုတ်နိုင်ငံက စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အမြဲတစေ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြောင်း အမေရိကန်နိုင်ငံ ကိုယ်စားလှယ်၏ ပြောကြားချက်အား တုံ့ပြန်ပြောကြားရာတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
…………………………..
(English Version)
Chinese envoy urges U.S. to make real efforts to promote peace talks on Ukraine issue
UNITED NATIONS, Aug. 30 (Xinhua) — Geng Shuang, China’s deputy permanent representative to the United Nations, on Friday urged the United States to “make real efforts to promote peace talks and ease the crisis” on the Ukraine issue.
“On the Ukraine issue, instead of high-sounding rhetoric, the United States should make real efforts to promote peace talks and ease the crisis,” Geng said at a UN Security Council briefing on arms supply to Ukraine, in response to remarks by the U.S. representative.
Geng said the most urgent task for the international community right now is to promote a ceasefire to stop the war and realize peace, and “China has been speaking out for peace and calling for all efforts to this end.”
“However, the U.S. has not only turned a blind eye and deaf ear to China’s efforts to promote peace, but continued to spread lies in the Security Council and smear China on the issue of Ukraine, which China firmly opposes and absolutely will not accept,” Geng said.
If the United States “truly wants to put an end to the war, it should make efforts together with the countries concerned, including China, instead of shirking its responsibilities and creating confrontations,” the envoy stressed.