Connect with us

Europe

တရုတ်နိုင်ငံက အားကစားသမား Luo က အမျိုးသမီး ၅၉ ကီလိုဝိတ်တန်းအလေးမပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူးကာ အိုလံပစ်စံချိန် ၃ ကြိမ်ရရှိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲ၌ အမျိုးသမီး ၅၉ ကီလိုဝိတ်တန်း အလေးမပြိုင်ပွဲပြီးနောက် ဆုပေးပွဲအခမ်းအနား တက်ရောက်နေသော တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆုရှင် Luo Shifang ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အားကစားသမား Luo Shifang သည် ပဲရစ်အိုလံပစ်အားကစားပွဲတွင် ဩဂုတ် ၈ ရက်၌ အမျိုးသမီး ၅၉ ကီလိုဝိတ်တန်း အလေးမပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
Luo သည် အမြန်မနည်းစနစ်တွင် ၁၀၇ ကီလိုဂရမ်၊ နှစ်ဆင့်မနည်းစနစ်တွင် ၁၃၄ ကီလိုဂရမ်၊ စုစုပေါင်း ၂၄၁ ကီလိုဂရမ်ဖြင့် အိုလံပစ်စံချိန်သစ် သုံးကြိမ်ဝင်ခဲ့သူဖြစ်သည်။

ဆုရရှိပြီးနောက် နှစ်ဆင့်မနည်းစနစ်တွင် နောက်ဆုံးအလေးမအဆင့်ကို မလုပ်ဆောင်သည်မှလွဲ၍ အသက် ၂၃ နှစ်အရွယ် Luo သည် အဆင့်တိုင်း၌ အောင်မြင်စွာ အလေးမနိုင်ခဲ့ကြောင်း သိရသည်။
“ဒါက ကျွန်မရဲ့ ပထမဆုံးအိုလံပစ်အားကစားပွဲပါ။ အဖွဲ့ကလည်း ကျွန်မပေါ် အလွန်ပဲကောင်းကြပါတယ်။ တကယ့်ကို‌ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖော်ဆောင်ပေးကြတယ်။ ကျွန်မမှာ ဖိအားအများကြီးမရှိခဲ့ပါဘူး” ဟု Luo က ဆိုသည်။

“ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ဖို့က ကျွန်မရဲ့ပန်းတိုင်ပဲ။ ဒါကြောင့် စံချိန်တွေကိုတော့ သိပ်ပြီးမစဉ်းစားထားပါဘူး” ဟု ရွှေတံဆိပ်ရှင်က ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/VWT
……………………….
(English Version)
China’s Luo sets 3 Olympic records to win women’s 59kg gold
PARIS, Aug. 8 (Xinhua) — China’s Luo Shifang claimed the women’s 59kg weightlifting gold medal at the Paris Olympics on Thursday.
Luo, who is making her Olympic debut in Paris, lifted 107kg in the snatch and 134kg in the clean and jerk to go with a winning total of 241kg, setting three new Olympic records.
Except for giving up the last lift in the clean and jerk after securing the title, the 23-year-old successfully lifted every attempt.
“This is my first Olympic Games and my team has been very good to me. They provided me with a really good environment, and I didn’t feel too much pressure,” said Luo.
“My goal was to compete for the gold medal, so I didn’t think too much about the record,” added the world record holder for total.
Photo 1: Gold medalist Luo Shifang of China attends the awarding ceremony after the weightlifting women’s 59kg competition at the Paris 2024 Olympic Games in Paris, France, on Aug. 8, 2024. (Xinhua/Yang Lei)