Connect with us

China

သမ္မတ ရှီက ပေကျင်းမြို့တွင် FOCAC ထိပ်သီးအစည်းအဝေးတက်ရောက်လာသော ခေါင်းဆောင်များနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့တွင် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ထိပ်သီးအစည်းအဝေး (FOCAC) သို့ တက်ရောက်မည့် ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများကို စက်တင်ဘာ ၂ ရက်၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၀၆ ခုနှစ် ပေကျင်းထိပ်သီးအစည်းအဝေး၊ ၂၀၁၅ ခုနှစ် ဂျိုဟန်နာဘတ်စ်ထိပ်သီးအစည်းအဝေးနှင့် ၂၀၁၈ ခုနှစ် ပေကျင်းထိပ်သီးအစည်းအဝေးပြီးနောက် ယခုကျင်းပမည့် အစည်းအဝေးသည် တရုတ်နိုင်ငံနှင့် အာဖရိကတိုက်ရှိ ချစ်ကြည်ရင်းနှီးသောမိသားစုဝင်နိုင်ငံများ၏ နောက်ထပ်တွေ့ဆုံဆွေးနွေးပွဲလည်းဖြစ်သည်။ ယင်းမှာ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံက လက်ခံကျင်းပသော အကြီးဆုံးသံတမန်တွေ့ဆုံပွဲဖြစ်သလို ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များ အများဆုံးတက်ရောက်ကြခြင်းလည်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
(FOCAC) Xi holds bilateral events with leaders attending FOCAC summit in Beijing
BEIJING, Sept. 2 (Xinhua) — Chinese President Xi Jinping on Monday started holding bilateral events with foreign leaders who will attend the 2024 Summit of the Forum on China-Africa Cooperation (FOCAC), scheduled for Sept. 4 to 6 in Beijing.
Following the 2006 Beijing summit, the 2015 Johannesburg summit and the 2018 Beijing summit, the upcoming summit is another event gathering members of the friendly family of China and Africa. It is also the largest diplomatic event hosted by China in recent years, with the highest attendance of foreign leaders.