Connect with us

International Organizations

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အင်္ဂလန်အသင်းနှင့် ဖင်လန်အသင်းတို့ UEFA Nations League အုပ်စု B2 ပွဲစဉ်အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားမှုမြင်ကွင်း (ဆင်ဟွာ)

 

–တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရလဒ်များ

တောင်အမေရိကန်ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ်များကို စုစည်းဖော်ပြအပ်ပါသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်
ကိုလံဘီယာ ၂ အာဂျင်တီးနား ၁
အီကွေဒေါ ၁ ပီရူး ၀
ချီလီ ၁ ဘိုလီးဗီးယား ၂
ဗင်နီဇွဲလား ၀ ဥရုဂွေး ၀
ပါရာဂွေး ၁ ဘရာဇီး ၀
….
–ကော်ရင်သီယံက နယ်သာလန်တိုက်စစ်မှူး မမ်ဖစ် ဒီပေးကို အပြီးသတ်ခေါ်ယူ
ကော်ရင်သီယံအသင်းက နယ်သာလန် တိုက်စစ်မှူး မမ်ဖစ် ဒီပေးကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကော်ရင်သီယံအသင်းက ပြောကြားခဲ့သည်။
အက်တလက်တီကို မက်ဒရစ်အသင်းနှင့် မေလက လမ်းခွဲထားသော အသက် ၃၀ နှစ်အရွယ် ဒီပေးသည် ကော်ရင်သီယံအသင်းထံ အလွတ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းဖြင့် သဘောတူထားကြောင်း ကော်ရင်သီယံ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။
ဒီပေးကို ခေါ်ယူရေးနှင့်ပတ်သက်၍ ကော်ရင်သီယံသည် ဆော်ဒီအာ‌ရေဗျ၊ စပိန်၊ မက္ကဆီကိုတို့နှင့် ယှဉ်ပြိုင်ခဲ့ရသည်ဟု ဆိုသည်။
….
–အာရှဖလားခြေစစ်ပွဲတွင် သီရိလင်္ကာက ကမ္ဘောဒီးယားကို အနိုင်ရရှိ
၂၀၂၇ ခုနှစ် အာရှဖလား ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် သီရိလင်္ကာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ စက်တင်ဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၂ ဂိုးဖြင့် သရေကျခဲ့ရာ ပန်နယ်တီအဆုံးအဖြတ်ဖြင့် သီရိလင်္ကာက ကမ္ဘောဒီးယားကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အသင်းနှစ်သင်းသည် စက်တင်ဘာ ၅ ရက်က ပထမအကျော့ပွဲစဉ်တွင် ၀-၀ ဂိုးရလဒ်ဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။ (Xinhua)
#WorldCupQualifying #MemphisDepay #AsianCupQualifying #ကမ္ဘာ့ဖလားခြေစစ်ပွဲ #အာရှဖလားခြေစစ်ပွဲ #မမ်ဖစ်ဒီပေး
……………
(English Version)
CONMEBOL World Cup qualifying results
RIO DE JANEIRO, Sept. 10 (Xinhua) — Following are the results of Tuesday’s South American Football Confederation (CONMEBOL) World Cup qualifiers (home teams listed first):
Tuesday, September 10
Colombia 2 Argentina 1
Ecuador 1 Peru 0
Chile 1 Bolivia 2
Venezuela 0 Uruguay 0
Paraguay 1 Brazil 0
….
Corinthians sign Dutch forward Memphis Depay
RIO DE JANEIRO, Sept. 9 (Xinhua) — Corinthians have completed the signing of Dutch forward Memphis Depay, the Brazilian Serie A club said on Monday.
The 30-year-old, who arrives as a free agent after parting ways with Atletico Madrid in May, agreed to a deal that runs until December 2026, according to a statement on Corinthians’ official website.
Corinthians reportedly beat off competition for Depay’s signature from clubs in Saudi Arabia, Spain and Mexico.
….
Sri Lanka edge Cambodia in Asian Cup qualifying playoff
PHNOM PENH, Sept. 10 (Xinhua) — Sri Lanka defeated Cambodia 4-2 on penalties after a 2-2 draw in the second leg of their 2027 AFC Asian Cup qualifying playoff on Tuesday, following their 0-0 draw in the first leg on September 5.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.