Connect with us

China

တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ က တည်ငြိမ်စွာတိုးတက်လျက်ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ၂၀၂၄ ခုနှစ် တရုတ်ထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ ထိပ်သီးအစည်းအဝေး၊ ဆွေးနွေးပွဲတက်ရောက်လာသော ဧည့်သည်တော်များကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ သည် ယမန်နှစ်က ဝင်ငွေတိုးတက်ခြင်းနှင့် ဆန်းသစ်တီထွင်မှုပေါ် ပိုမိုကြီးမားစွာအလေးထားဆောင်ရွက်ခြင်းများကြောင့် အခိုင်အမာစွမ်းဆောင်မှုကို ဖော်ပြလျက်ရှိကြောင်း စက်တင်ဘာ ၁၁ ရက်ထုတ် စက်မှုလုပ်ငန်းအဆင့်သတ်မှတ်ချက်အစီရင်ခံစာအရ သိရသည်။
၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ စာရင်းကို တရုတ်စီးပွားရေးလုပ်ငန်းအဖွဲ့ (CEC) နှင့် China Enterprise Directors Association တို့က ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါ ကုမ္ပဏီကြီး ၅၀၀ ၏ စုပေါင်းဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် ယွမ် ၁၁၀.၀၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄၆ ထရီလီယံ) ရှိခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် ၁.၅၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၎င်းတို့၏ အသားတင်ဝင်ငွေအနေဖြင့်မူ ၂၀၂၃ ခုနှစ်က ယွမ် ၄.၅၁ ထရီလီယံရှိခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် ၅.၀၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ သည် Fortune Global စီးပွားရေးလုပ်ငန်း ၅၀၀ စာရင်းတွင်လည်း ဖော်ပြပါကာလအတွင်း ဝင်ငွေရော အမြတ်ငွေပါ တိုးတက်မှုရှိခဲ့ကြောင်း CEC ဒုတိယဥက္ကဋ္ဌ Wang Jiming က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ စာရင်းဝင်ကုမ္ပဏီများ၏ ဝင်ငွေရရှိမှုများမှာလည်း ၂၂ နှစ်ဆက်တိုက် မြင့်တက်လာခဲ့ပြီး ယခုနှစ်ဝင်ငွေအနေဖြင့် ယွမ် ၄၇.၃၈ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ယွမ် ၃၈၃ သန်း တိုးလာခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါလုပ်ငန်းများ၏ ပျမ်းမျှ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) မှာလည်း ခုနစ်နှစ်ဆက်တိုက် တိုးတက်လျက်ရှိသည်။ ၎င်းတို့၏ R&D အတွက် စုစုပေါင်းအသုံးစရိတ်မှာ စုပေါင်းဝင်ငွေ၏ ၁.၉ ရာခိုင်နှုန်းရှိခဲ့ရာ ၂၀၀၂ ခုနှစ်မှစ၍ အမြင့်ဆုံးအဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်စာရင်းတွင် စွမ်းအင်သစ်အသုံးပြုကိရိယာထုတ်လုပ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်သိုလှောင်ဘက်ထရီများ၊ ဆက်သွယ်ရေးကိရိယာနှင့် ကွန်ပျူတာထုတ်လုပ်ရေး၊ semiconductor နှင့် panel ထုတ်လုပ်ရေး စသည့်ကဏ္ဍများမှ ကုမ္ပဏီ ၃၁ ခု ပါဝင်လာခဲ့ရာ လွန်ခဲ့သော ငါးနှစ်အတွင်း ကုမ္ပဏီ ၁၈ ခု တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
China’s top 500 enterprises see steady growth
BEIJING, Sept. 11 (Xinhua) — China’s top 500 enterprises posted steady performance last year with rising revenue and a greater focus on innovation, an industrial ranking report showed Wednesday.
The 2024 list of the top 500 Chinese enterprises was published by the China Enterprise Confederation and the China Enterprise Directors Association.
The 500 largest companies generated combined revenues of 110.07 trillion yuan (15.46 trillion U.S. dollars) in 2023, up 1.58 percent year on year. Their net profits totaled 4.51 trillion yuan last year, up 5.01 percent from one year earlier.
Wang Jiming, vice president of the CEC said China’s top 500 enterprises outperformed the Fortune Global 500 companies in both revenue and profit growth during the cited period.
Wang, also an academician of the Chinese Academy of Engineering, said that the revenue threshold for entry on the list of top 500 Chinese enterprises has increased for 22 consecutive years, reaching 47.38 billion yuan this year, an increase of 383 million yuan over the previous year.
Wednesday’s data also showed that the average research and development (R&D) intensity of top 500 Chinese enterprises has increased for the seventh consecutive year. Their total R&D spending accounted for 1.9 percent of the combined revenue, the highest level since 2002.
Additionally, the list featured a growing number of companies from advanced manufacturing and modern services sectors, underscoring their role in driving China’s economic transformation.
A total of 31 companies from sectors of new energy equipment manufacturing, power and energy storage batteries, communication equipment and computer manufacturing, and semiconductor and panel manufacturing were included in this year’s list, an increase of 18 companies over the past five years.
Photo: Guests attend a panel discussion during the 2024 China Top 500 Enterprises Summit in north China’s Tianjin, Sept. 10, 2024. (Xinhua/Sun Fanyue)