Connect with us

International Organizations

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် Hong Kong Open 2024 ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသားနှစ်ယောက်တွဲပွဲစဉ်၌ တရုတ်နိုင်ငံအသင်းနှင့် တရုတ်ထိုင်ပေအသင်းတို့ စက်တင်ဘာ ၁၂ ရက် ယှဉ်ပြိုင်ကစားမှုမြင်ကွင်း (ဆင်ဟွာ)

–အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွာ ခြေကျင်းဝတ်ဒဏ်‌ရာကြောင့် အနည်းဆုံး သုံးပတ်အနားယူရမည်
အာဆင်နယ်အသင်း၏ အဓိကကစားသမားနှင့် အသင်းခေါင်းဆောင် မာတင် အော်ဒီဂွာသည် နော်ဝေအသင်းအတွက် ကစားချိန်ရရှိခဲ့သောခြေကျင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံး သုံးပတ် အနားယူရမည်ဖြစ်သဖြင့် အာဆင်နယ်အသင်းတွင် ပါဝင်နိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။
အော်ဒီဂွာ၏ ပျက်ကွက်မှုကို နော်ဝေအသင်းဆရာဝန် Ola Sand က အတည်ပြုထားပြီး ဩစတြီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ရရှိခဲ့သော အော်ဒီဂွာ၏ ဒဏ်ရာမျိုးသည် ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းဆုံးသုံးပတ်ခန့် အနားယူရနိုင်ကြောင်း၊ ထို့ထက်ပို၍ကြာနိုင်ဖွယ်လည်းရှိသလို အမြန်ပြန်လည်ကောင်းမွန်ခဲ့ပါက “ဆုလာဘ်တစ်ခု” ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လန်ဒန်တွင် ပြုလုပ်ခဲ့သော အော်ဒီဂွာ၏ MRI ရလဒ်အရ ခြေကျင်းဝတ်တွင် အရိုးကျိုးခြင်းမရှိကြောင်းလည်း Sand က အတည်ပြုခဲ့သည်။
….
–Hong Kong Open 2024 ကြက်တောင်ရိုက်ပြိုင်ပွဲ
တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် Hong Kong Open 2024 ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသားနှစ်ယောက်တွဲပွဲစဉ်၌ တရုတ်နိုင်ငံအသင်းနှင့် တရုတ်ထိုင်ပေအသင်းတို့ စက်တင်ဘာ ၁၂ ရက် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
….
–ရီဗယ်တိုက ဘရာဇီးလက်‌ရွေးစင်အသင်းအတွက် ကစားသမားဟောင်းများပြန်လည်ခေါ်ယူရန် တိုက်တွန်း
ဘရာဇီးလက်ရွေးစင်အသင်းက ရလဒ်ကောင်းများမဖော်ဆောင်နိုင်သည့်အတွက် ကစားသမားဟောင်းများဖြစ်သော Thiago Silva နှင့် Hulk တို့ကို ပြန်လည်ခေါ်ယူရေးအတွက် ကမ္ဘာ့ဖလားဆုရှင် ရီဗယ်ဒိုက တိုက်တွန်းလိုက်သည်။
အက်သလက်တီကို ရှေ့တန်းတိုက်စစ်မှူး အသက် ၃၈ နှစ်အရွယ် Hulk သည် ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံအသင်းအတွက် ကစားခြင်းမရှိတော့သလို Fluminense နောက်ခံလူ အသက် ၃၉ နှစ်အရွယ် Silva သည်လည်း ကာတာနိုင်ငံတွင် ပြုလုပ်သည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲတွင် နောက်ဆုံးပါဝင်ကစားခဲ့သူဖြစ်သည်။ (Xinhua)


………………………….
(English Version)
Arsenal captain Odegaard out for at least three weeks with ankle injury
LONDON, Sept. 11 (Xinhua) — Arsenal will be without influential playmaker and captain Martin Odegaard for at least three weeks after the Norwegian suffered an ankle injury while on international duties.
His absence was confirmed by Norway team doctor Ola Sand, who told media that injuries such as the one Odegaard suffered against Austria “often take at least three weeks (to recover from),” but warned they “can take longer,” and anything less would be “a bonus.”
The midfielder had an MRI scan in London on Tuesday, with Sand confirming that it revealed “there is probably no fracture in the ankle.”
….
(SP)CHINA-HONG KONG-BADMINTON-HONG KONG OPEN-MEN’S DOUBLES (CN)
HONGKONG, Sept. 12, 2024 (Xinhua) — Huang Di/Zhou Haodong (R) of China compete during the men’s doubles round of 16 match against Lin Bing-wei/Su Ching Heng of Chinese Taipei at the Hong Kong Open 2024 badminton tournament in Hong Kong, China, Sept. 12, 2024. (Photo by Lo Ping Fai/Xinhua)
….
Rivaldo calls for return of veterans to Brazil’s national team
RIO DE JANEIRO, Sept. 11 (Xinhua) — World Cup winner Rivaldo has called for the return of veterans Thiago Silva and Hulk to Brazil’s national team amid a poor run of results.
Atletico Mineiro forward Hulk, 38, has not played for his country since 2021 while Fluminense defender Silva, 39, last represented the Selecao at the 2022 World Cup in Qatar.