Connect with us

China

နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာအောင်လုပ်ဆောင်ရန် တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့ သဘောတူညီ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဘရာဇီးနိုင်ငံ သမ္မတ၏ အထူးအကြံပေး ဆယ်လ်ဆို အာမိုရင်မ်တို့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People's Republic of China/Handout via Xinhua)

စိန့်ပီတာစဘတ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်နက်ရှိုင်းရှိုင်းရှိစေရေးအတွက် ဘရာဇီးနိုင်ငံနှင့် လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဘရာဇီးနိုင်ငံ သမ္မတ၏ အထူးအကြံပေး ဆယ်လ်ဆို အာမိုရင်မ်နှင့် တွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူများ အစည်းအဝေးအတွင်း သီးခြားတွေ့ဆုံမှု၌ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်း၍ နှစ်ဖက် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် တည်ငြိမ်မှုရှိစေရေးအတွက် အခရာကျသော အင်အားစုများဖြစ်ကာ အဓိကကျသော ဖွံ့ဖြိုးဆဲနိုင်ငံများလည်းဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း ပိုမိုအထောက်အကူပေးသွားမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး၍ မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်၊ နှစ်နိုင်ငံလုံးအတွက် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့တိုးမြှင့်ရန် တရုတ်နိုင်ငံက အသင့်ရှိနေကြောင်း ဝမ်က ဆိုသည်။
ဘရာဇီးနိုင်ငံ သမ္မတ၏ အထူးအကြံပေး အာမိုရင်မ်က ဘရာဇီးနှင့် တရုတ်နိုင်ငံတို့သည် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းလျက် အပြန်အလှန်ယုံကြည်မှုနှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုတို့ကို ခိုင်မာအောင်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား အရေးပါသော အဆင့်မြင့် ထိတွေ့ဆက်ဆံမှု နောက်တစ်ဆင့်အတွက် ပြင်ဆင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုး၍ တိုးတက်ကောင်းမွန်စေရေးအတွက် အထောက်အကူပြုရန် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဘရာဇီးနိုင်ငံက ဆန္ဒရှိကြောင်းလည်း အာမိုရင်မ်က ဆိုသည်။
ထို့အတူ BRICS အဖွဲ့၏ ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များ ပိုမိုရရှိနိုင်ရေးအတွက် ဘုံသဘောထားများကို ဖန်တီးကာ ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရာတွင် BRICS မိတ်ဖက်နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နှစ်ဖက်လုံးက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ တာဝန်ရှိသူနှစ်ဦးသည် ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကာ စစ်ပွဲကိုရပ်တန့်၍ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ညီညီညွတ်ညွတ်နှင့် နိုင်ငံတကာ ဘုံသဘောတူညီမှုများ ပိုမိုရရှိရေးအတွက် အခြားနိုင်ငံများအား ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)


………………………
(English Version)
China, Brazil agree to strengthen political mutual trust
ST. PETERSBURG, Sept. 11 (Xinhua) — China will work with Brazil to strengthen strategic cooperation and deepen mutual political trust, said Wang Yi, director of the Office of the Central Commission for Foreign Affairs, in a meeting with Celso Amorim, special advisor to the president of Brazil, in Russia’s St. Petersburg on Wednesday.
The two sides held talks in regard with bilateral relations on the sidelines of a meeting of the BRICS high-ranking officials responsible for security matters.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, noted that China and Brazil are vital stabilizing forces and major developing countries, and will contribute more to the world’s peace, stability and development.
China is ready to further boost strategic collaboration with Brazil, improve political mutual trust, broaden mutually beneficial cooperation, and elevate bilateral ties to new highs, Wang said.
For his part, Amorim stated that Brazil and China have maintained close communication, consolidated mutual trust and effective collaboration.
Brazil is willing to work with China to prepare for the next stage of important high-level interactions between the two countries and to promote the further development of bilateral relations, Amorim said.
The two sides expressed the willingness to join hands with BRICS partners to make common voices and safeguard common interests, so as to achieve more outcomes of greater BRICS cooperation.
The two officials also exchanged views on the Ukraine crisis, saying more countries are welcome to get united and gather more international consensus to stop war and promote peace. Enditem
English Caption
Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs, meets with Celso Amorim, special advisor to the president of Brazil, in St. Petersburg, Russia, Sept. 11, 2024. (Ministry of Foreign Affairs of the People’s Republic of China/Handout via Xinhua)