Connect with us

China

ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပူးပေါင်းကြိုးပမ်းအားထုတ်ရန် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး အလေးအနက်တိုက်တွန်း

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းရှိ ပေကျင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် အေးအတူပူအမျှ လူမှုအသိုက်အဝန်းတစ်ခု ပေါ်ထွန်းရေးအတွက် အထောက်အကူပြုရာတွင် ပူးပေါင်းကြိုးပမ်းအားထုတ်ရန် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီး တုန်းကျွင်းက စက်တင်ဘာ ၁၃ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
၁၁ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် တက်ရောက်ရန် ပေကျင်း၌ ရောက်ရှိနေသည့် လာအို၊ ကာဂျစ်စတန်၊ ဂါဘွန်၊ ယူအေအီးနှင့် ကင်မရွန်း နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများနှင့် အသီးသီးတွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရန်နှင့် ပူးပေါင်းကြိုးပမ်းအားထုတ်မှုများ၊ အပြန်အလှန် အထောက်အကူပေးမှုများ လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေဖြင့် လုံခြုံရေးမဟာဗျူဟာများကို စုပေါင်းညှိနှိုင်းလုပ်ဆောင်ကာ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန်နှင့် ဘက်အသီးသီးနှင့် ကူးလူးဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ပြည်ပနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက ၁၁ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် ဖွင့်လှစ်ကျင်းပမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
China’s defense minister stresses joint efforts for world peace, stability
BEIJING, Sept. 13 (Xinhua) — China’s Minister of National Defense Dong Jun on Friday called for joint efforts to safeguard world peace and stability, and to promote the development of a human community with a shared future.
Dong made the remarks when respectively meeting with the defense ministers of Laos, Kyrgyzstan, Gabon, the United Arab Emirates and Cameroon, all of whom are in Beijing for the 11th Beijing Xiangshan Forum.
He called for closer coordination, joint endeavors and mutual support for regional security and stability. The Chinese military is willing to synergize security strategies, deepen defense consultation, and advance exchange and cooperation with all sides, Dong said.
During the meetings, the foreign defense ministers extended their congratulations on the opening of the 11th Beijing Xiangshan Forum and expressed their willingness to strengthen military cooperation. Enditem
English Caption
The 11th Beijing Xiangshan Forum opens at the Beijing International Convention Center in Beijing, capital of China, Sept. 13, 2024. (Photo by Han Qiyang/Xinhua)