Connect with us

Politics

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်၏ သဘောထားထုတ်ပြန်ချက်

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက်

မကြာသေးမီက အချို့သောမီဒီယာများနှင့် ပုဂ္ဂိုလ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်းရေးကိုစွက်ဖက်နေသည်ဟု အကြောင်းမဲ့ ပြစ်တင်မှုများနှင့်စပ်လျဉ်း၍ မိမိတို့ဘက်က အောက်ပါအတိုင်း ထပ်လောင်းပြောကြားလိုပါသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံအားပေးပါသည်။ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထား၍ မြန်မာပြည်သူကပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါသည်။ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ပါသည်။ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါသည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူပါသည်။ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက ဆောလျင်စွာ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးအား ဖော်ဆောင်သွားရန် မျှော်လင့်ပါသည်။ တရုတ်နိုင်ငံက ယင်းအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒရှိပါသည်။
……………….
In response to the groundless accusations by some media and individuals that China interferes in Myanmar’s internal affairs, I would like to reiterate our position as follows:

China and Myanmar are traditional friendly neighbours. China firmly supports Myanmar in safeguarding its independence, sovereignty, national unity and territorial integrity, adheres to non-interference in Myanmar’s internal affairs and supports the Myanmar-owned and Myanmar-led peace process. China opposes chaos and conflicts in Myanmar, interference in Myanmar’s internal affairs by outside forces, and any words and deeds that attempt to drive a wedge between China and Myanmar and accuse China groundlessly.

China’s friendly policy towards Myanmar is for all the people of Myanmar. We hope relevant parties in Myanmar can ceasefire as soon as possible, settle disputes in a peaceful manner, and deescalate and cool down the situation in Myanmar including northern Myanmar. China will continue to play a constructive role.