Connect with us

Africa & Middle East

ဂါဇာဒေသတွင် စစ်ဆင်ရေးများရပ်တန့်ရေး အမေရိကန်က အစ္စရေးကို တွန်းအားပေးရန် တရုတ်သံတမန်တိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပါလက်စတိုင်းအရေး အပါအဝင် အရှေ့အလယ်ပိုင်း‌ဒေသအခြေအနေဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအ‌ဝေးအတွင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ် (ရှေ့တန်း အလယ်) ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးများ ရပ်တန့်ရေးအတွက် ထင်သာမြင်သာရှိသော ပြုမူဆောင်ရွက်မှုများကို နှောင့်နှေးခြင်းမရှိဘဲ တွန်းအားပေးလုပ်ဆောင်ရန် တရုတ်သံတမန်က စက်တင်ဘာ ၁၆ ရက်၌ တိုက်တွန်းခဲ့သည်။
“အမေရိကန်အနေနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း တာဝန်ယူမှုသဘောထားကို ပြသကာ အဖွဲ့အစည်းအပေါ် ထိထိရောက်ရောက်လွှမ်းမိုးနိုင်မှုကို အသုံးပြုပြီး အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို ရပ်တန့်ရေးတွန်းအားပေးဖို့ ထင်သာမြင်သာရှိတဲ့ ပြုမူဆောင်ရွက်မှုမျိုးကို နှောင့်နှေးခြင်းမရှိလုပ်ဆောင်ပြီး ကာလရှည်ခံစားနေရတဲ့ ပါလက်စတိုင်းပြည်သူတွေကို အသက်ရှင်သန်ခွင့်ပေးဖို့ မိမိတို့အနေနဲ့ တိုက်တွန်းလိုက်ပါတယ်” ဟု ပါလက်စတိုင်းအရေး အပါအဝင် အရှေ့အလယ်ပိုင်းအခြေအနေနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ပြောကြားခဲ့သည်။

ယမန်နှစ်အတွင်း နိုင်ငံတကာက အပစ်အခတ်ရပ်စဲရေးနှင့် လူသေဆုံးမှုများ ရပ်တန့်ရေးအတွက် အခိုင်အမာတိုက်တွန်းနေသည့်ကြားမှ အစ္စရေးအနေဖြင့် ဂါဇာတွင် စစ်ဆင်ရေးများ ရပ်တန့်ခြင်းမရှိသောကြောင့် ပါလက်စတိုင်းအရပ်သား ၄၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကိန်းက မှတ်ချက်ပြုခဲ့သည်။
“ဒါက သတိပေးလိုက်တာပါ။ မယုံနိုင်လောက်အောင်ပါပဲ” ဟု တရုတ်သံတမန်က ဆိုသည်။

လေ့လာဆန်းစစ်မှုူက ဖော်ပြထားသည့်အတိုင်း အမေရိကန်နိုင်ငံအနေဖြင့် ထိုနည်းလမ်းကို လုပ်ဆောင်ခြင်းမရှိကြောင်း၊ ပဋိပက္ခစတင်ဖြစ်ပေါ်လာပြီးနောက် လုံခြုံရေးကောင်စီက အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် လိုက်ပါဆောင်ရွက်ခြင်းမရှိသလို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်များစွာကိုလည်း ပြောင်ပြောင်တင်းတင်း ပယ်ချခြင်း၊ ဆန့်ကျင်ခြင်းမျိုးလည်း မပြုလုပ်ကြောင်း ကိန်းက ထောက်ပြခဲ့သည်။

“တရုတ်နိုင်ငံက စစ်မီးငြိမ်းစေဖို့၊ လူသားချင်းစာနာမှုဘေးအန္တရာယ်တွေလျော့ပါးစေဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို ဆောလျင်စွာရရှိစေဖို့ လုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese envoy urges U.S. to push Israel to cease military operations in Gaza
UNITED NATIONS, Sept. 16 (Xinhua) — A Chinese envoy on Monday urged the United States to take tangible actions to push Israel to cease its military operations in the Gaza Strip without delay.
“We urge the United States to show a responsible attitude, use the significant influence it holds over the party, and take tangible actions to push Israel to cease its military operations without delay, as demanded by the Council resolutions, to give the long-suffering Palestinian people a chance to live,” Geng Shuang, China’s deputy permanent representative to the United Nations, told the UN Security Council briefing on the situation in the Middle East, including the Palestinian question.
Geng noted that over the past year, despite strong joint international calls for a ceasefire and the cessation of killings, Israel has not halted its military operations in Gaza, which have led to the death of over 41,000 Palestinian civilians.
“This is alarming. This is past belief,” the ambassador stressed.
Geng pointed out that as the analysis point out, had the United States not stood in the way on all those occasions, the Security Council could have adopted a resolution demanding a ceasefire early on after the conflict erupted, and had the United States not shielded one side time and again, multiple resolutions of the Security council would not have been flagrantly rejected and defied.
“China supports further actions on the part of this Council to put out the flames of war, mitigate the humanitarian disaster, and bring peace to the region as soon as possible,” he said.
Photo: Geng Shuang (C, front), China’s deputy permanent representative to the United Nations (UN), speaks at the UN Security Council briefing on the situation in the Middle East, including the Palestinian question, at the UN headquarters in New York, Sept. 4, 2024. (Xinhua/Xie E)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.