Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်က “ကမ္ဘာ့တံတားပြတိုက်”

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ဖိန်ထန်ခရိုင်နှင့် လောတျန့်ခရိုင်ကို ချိတ်ဆက်ထားသော အဝေးပြေးလမ်းပေါ်ရှိ ဖိန်ထန်တံတားကို ဝေဟင်မြင်ကွင်းမှတစ်ဆင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တောင်ကုန်းတောင်တန်း ၉၂.၅ ရာခိုင်နှုန်း ဖုံးလွှမ်းလျက်ရှိသော ကွေ့ကျိုးပြည်နယ်တွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအတွက် ကျဉ်းမြောင်းလှသည့်အခြေအနေများကို လျော့ပါးစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ကွေ့ကျိုးပြည်နယ်၌ အသုံးပြုလျက်ရှိသော ကီလိုမီတာ ၈,၀၀၀ ကျော်ရှိသည့် အဝေးပြေးလမ်းများ အပါအဝင် အဝေးပြေးလမ်းမကြီး ကီလိုမီတာ ၂၀၀,၀၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။
မြေပြန့်နေရာမရှိသည့် တစ်ခုတည်းသောပြည်နယ်ဖြစ်သည့်အတွက် ကွေ့ကျိုးပြည်နယ်သည် ထုံးကျောက်တောင်များအကြား တံတားအစင်းပေါင်း ၃၀,၀၀၀ ကျော် တည်ဆောက်ခြင်းဖြင့် ကမ္ဘာ့စံချိန်များစွာ ရရှိခဲ့သည်။ လက်ရှိ အဆိုပါပြည်နယ်တွင် ကမ္ဘာ့အမြင့်ဆုံးတံတား အစင်းရေ ၁၀၀ စာရင်းဝင် တံတား ၄၉ စင်းရှိပြီး ထိုသို့ များပြားလှသောအရေအတွက်၊ ပုံစံအမျိုးမျိုးနှင့် ဧရာမတံတားကြီးများ၏ ရှုပ်ထွေးလှသော နည်းပညာများကြောင့် “ကမ္ဘာ့တံတားပြတိုက်” ဟူ၍ အမည်တွင်လျက်ရှိသည်။ (Xinhua)


……………………………………..
(English Version)
GloriousGuizhou | SW China’s Guizhou, the world’s “Bridge Museum”
GUIYANG, Sept. 21 (Xinhua) — Guizhou, with 92.5 percent of its area filled with mountains and hills, has been committed to eliminating bottlenecks in land transportation. Currently, the province has built over 200,000 km of highways, including more than 8,000 kilometers of expressways in operation.
As the country’s only provincial region with no plain terrain, Guizhou has garnered many world records by building over 30,000 bridges among its karst mountains. The province is now home to 49 of the world’s 100 tallest bridges, and dubbed “the museum of world bridges” due to the vast numbers, various types and complex technologies of these gigantic bridges.
Photo 1: An aerial panoramic photo taken with a drone shows the Pingtang bridge on the expressway linking Pingtang and Luodian in southwest China’s Guizhou Province, Sept. 5, 2024. (Xinhua/Ou Dongqu)