Connect with us

Sino-Myanmar

မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံအကူအညီဖြင့် ဆိုလာစွမ်းအင်သုံး လမ်းမီးများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် တရုတ်နိုင်ငံအကူအညီဖြင့် ဆိုလာစွမ်းအင်သုံး လမ်းမီးများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတစ်ရပ်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအကူအညီဖြင့် ဆိုလာစွမ်းအင်သုံး လမ်းမီးများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတစ်ရပ်အား ရန်ကုန်မြို့၌ စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည်။
ဆိုလာစွမ်းအင်သုံး လမ်းမီး အစုံ ၄၀ အား သက်ဆိုင်ရာမြန်မာဌာနများသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းစီမံကိန်းအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ဦးစီးကာ မြန်မာနိုင်ငံ အခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးက တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံကိန်းအား ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ခဲ့ပြီး ယခုအခါတွင် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်းရှိ ဆိုလာလမ်းမီးများ တပ်ဆင်ပေးခဲ့ပြီး အများပြည်သူသွားလာသည့်နေရာများတွင် ညအချိန် အလင်းရောင် ပိုမိုရရှိစေရေး ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များအား လျှော့ချပေးရေးနှင့် ရပ်ရွာလူထုအတွင်း အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပေးရေးတို့အတွက် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ်မှစ၍ လှူဒါန်းမှုစီမံကိန်းပေါင်း ၂၄ ခု အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယင်းစီမံကိန်းများက အခြေခံ အဆောက်အဦ ပိုမိုကောင်းမွန်စေရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာမှု ရှိစေရေးတို့အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………..
(English Version)
Handover ceremony of China-aided solar-powered streetlights held in Myanmar
YANGON, Sept. 23 (Xinhua) — A handover ceremony of China-aided solar-powered streetlights was held in Yangon on Sunday.
40 sets of solar-powered streetlights were officially handed over to relevant Myanmar departments. The project was sponsored by China’s Yunnan Provincial People’s Association for Friendship with Foreign Countries and implemented by Yunnan Commercial Representative Office in Myanmar. It was launched on February 21 this year and has now been completed.
The project installed the solar street lights in Thaketa Township, Yangon, to improve nighttime lighting conditions in local public places, reduce safety risks, and promote green development in the community.
Yunnan Provincial People’s Association for Friendship with Foreign Countries implemented 24 donation projects in Myanmar since 2022. The projects were conducted to optimize infrastructure, develop manufacturing industry and agricultural technology, and facilitate natural disaster relief. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.