Connect with us

China

လေယာဉ်တင်သင်္ဘောအခြေပြု သီးခြား လေယာဉ်အထောက်အကူပြုစနစ်အား တရုတ်နိုင်ငံ တီထွင်

တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘော ဖူကျန့်၏ ပွဲဦးထွက် ပင်လယ်ခရီး စမ်းသပ်ပြေးဆွဲမှုကို ၂၀၂၄ ခုနှစ် မေ ၇ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကျိနန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက လေယာဉ်တင်သင်္ဘောအခြေပြု လေယာဉ်များအတွက် မိမိဘာသာ လည်ပတ်အလုပ်လုပ်နိုင်သည့် သီးခြား အထောက်အကူပြုစနစ် တစ်မျိုးအား တီထွင်ခဲ့ကြောင်း သိရသည်။
ယင်းအထောက်အကူပြုစနစ်အား ဆက်လက်အဆင့်မြှင့်တင်သွားမည်ဖြစ်ကာ အလှမ်းဝေးသည့် ပင်လယ်ရေပြင်များတွင် လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးစစ်ရေယာဉ်စုများအား ကာလရှည်ဖြန့်ကြက်ရန်အတွက် အနာဂတ်လိုအပ်ချက်များနှင့် လေယာဉ်တင်သင်္ဘောအခြေပြု လေကြောင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်ရေးမစ်ရှင် အသီးသီးအတွက် ရည်ရွယ်ကြောင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့၌ ကျင်းပလျက်ရှိသည့် လေယာဉ်တင်သင်္ဘောအခြေပြု လေကြောင်းကိရိယာများ တီထွင်မှုပညာရပ်ဆိုင်ရာ ဖိုရမ်အရ သိရသည်။
လေယာဉ်တင်သင်္ဘောများပေါ်မှ လေယာဉ်များ အတက်အဆင်းပြုလုပ်သည့် နည်းပညာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကာ ski-jump ကုန်းပတ်ပေါ်မှ ပျံတက်ခြင်းအား လျှပ်စစ်သံလိုက်ဓာတ်သုံး လေယာဉ်လွှတ်တင်စနစ်နှင့် လျှပ်စစ်သံလိုက်ဓာတ်သုံး အရှိန်ထိန်းစနစ်ဆီသို့ အသွင်ကူးပြောင်းလျက်ရှိသည်ဟု Naval Aviation တက္ကသိုလ်မှ ဟော်ဝူကျွင်းက ပြောကြားခဲ့သည်။ (Xinhua)


……………………….
(English Version)
China develops independent carrier-based aircraft support system
JINAN, Sept. 25 (Xinhua) — China has developed an independent and self-reliant support system for carrier-based aircraft.
The support system will continue to be improved, targeting the future needs for long-term deployment of carrier strike groups in distant waters and various combat training missions of carrier-based aviation forces, according to the ongoing academic forum on the development of carrier-based aviation equipment held in Qingdao, Shandong.
Significant progress has been made in aircraft takeoff and landing technology aboard carriers, with a transition from ski-jump takeoff to electromagnetic catapult launch and electromagnetic arrestor recovery, said Naval Aviation University’s Huo Wujun. Enditem
English Caption
An aerial drone photo taken on May 7, 2024 shows China’s third aircraft carrier, the Fujian, during its maiden sea trials. (Photo by Ding Ziyu/Xinhua)