Connect with us

Asia

တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုအတွက် ကုန်စည်ပြပွဲက တွန်းအားသစ် ဖြည့်တင်းပေးကြောင်း ကမ္ဘာဒီယားပညာရှင် ပြောကြား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်းနိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာအား စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲက တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ အားဖြည့်ပေးမည်ဟု မျှော်လင့်ကြောင်း ကမ္ဘောဒီးယားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်း၌ စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ ငါးရက်ကြာ ကုန်စည်ပြပွဲအား ကျင်းပလျက်ရှိရာ စီးပွားရေးလုပ်ငန်း ၃,၀၀၀ ကျော် ပါဝင်ပြသခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် တော်ဝင်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးနှင့် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ အဖွဲ့အစည်း၌ ကထိက THONG MENGDAVID က “အထူးသဖြင့်ကတော့ နည်းပညာ၊ အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်းနဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းအားဖြင့် တရုတ်-အာဆီယံ ဆက်ဆံရေးမှာ တွန်းအားသစ်တွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှုဧရိယာ 3.0 ကို တည်ဆောက်ရေး အဆင့်မြှင့်တင်ဖို့ ၊ အမျိုးမျိုးသော စီးပွားရေးနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကနေတစ်ဆင့် အရည်အသွေးမြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့လည်း မျှော်လင့်ပါတယ်။
ကုန်စည်ပြပွဲက တရုတ်နဲ့ အာဆီယံအကြား စီးပွားရေးပေါင်းစည်းဖို့ အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ ဖြစ်လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုနဲ့ နယ်စပ်ဖြတ်ကျော် စီးပွားရေးအခွင့်အလမ်းတွေ လွယ်ကူချောမွေ့စေပြီးတော့ ပိုမို ချိတ်ဆက်ပြီး ခံနိုင်ရည်ရှိတဲ့ တက်ကြွတဲ့ ဒေသတစ်ခု တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
စီးပွားရေးအဖွဲ့အစည်းတွေနဲ့ မူဝါဒချမှတ်သူတွေ ‌ထိတွေ့ဖို့ သီးသန့်နေရာတစ်ခု ပံ့ပိုးပေးခြင်းဖြင့် ကုန်စည်ပြပွဲက သေချာတဲ့ မိတ်ဖက်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်မှုစီးဆင်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကုန်သွယ်မှုနဲ့ စီးပွားရေးဆက်ဆံရေးကို မြှင့်တင်ပြီး ၊ ဆန်းသစ်တီထွင်မှုကို အဆင့်မြှင့်ပြီးတော့ ယဉ်ကျေးမှုဖလှယ်ရေးကို အားပေးခြင်းအားဖြင့် ကုန်စည်ပြပွဲက ဒေသအတွက် သာယာဝပြောပြီး ရေရှည်တည်တံ့တဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အချက်အချာကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)


……………………………
(English Version)
Expo to inject fresh impetus into China-ASEAN economic, trade ties: Cambodian scholar
The 21st China-ASEAN Expo is expected to stimulate China-ASEAN economic and trade relations, a Cambodian scholar said Wednesday.
The five-day expo kicked off Tuesday in Nanning, capital city of south China’s Guangxi Zhuang Autonomous Region. More than 3,000 enterprises participated in the event.
SOUNDBITE (English): THONG MENGDAVID, Lecturer at the Institute for International Studies and Public Policy of the Royal University of Phnom Penh
“The expo is expected to inject fresh impetus into China-ASEAN relations by creating opportunities for cooperation, particularly in areas such as technology, infrastructure, agriculture, education, tourism, and green development.
It is also expected to advance the building of the China-ASEAN Free Trade Area 3.0 and promote high-quality regional development through a variety of economic and trade activities.
The expo has made important contributions to the economic integration between China and ASEAN, facilitating investment flows and cross-border economic opportunities, laying the foundation for building a more connected, resilient and dynamic region.
By providing a dedicated space for businesses and policymakers to engage, the event can lead to tangible partnerships and enhanced trade flows.
By fostering trade and economic relations, promoting innovation, and encouraging cultural exchange, the expo plays a pivotal role in shaping a prosperous and sustainable future for the region.”
Xinhua News Agency correspondents reporting from Phnom Penh. (XHTV)
Photo – This photo shows a view of Nanning International Convention and Exhibition Center in Nanning, south China’s Guangxi Zhuang Autonomous Region, Sept. 24, 2024. The 21st China-ASEAN Expo and the China-ASEAN Business and Investment Summit kicked off on Tuesday in Nanning. (Xinhua/Huang Xiaobang)