Connect with us

China

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အမေရိကန်-တရုတ် စီးပွားရေးကောင်စီ၊ အမေရိကန် ကုန်သည်ကြီးများအသင်း၊ အက်စ်ပန်အင်စတီကျု၊ အာရှလူမှုအဖွဲ့အစည်း၊ ပြည်ပဆက်ဆံရေးကောင်စီတို့မှ အမေရိကန်ကိုယ်စားလှယ်များအား သီးခြား တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် ဆက်ဆံရေး၌ အရေးအကြီးဆုံး သင်ခန်းစာမှာ နှစ်နိုင်ငံအနေဖြင့် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာ ဖြစ်သင့်သည်ဟူသော အချက်ပင်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာ ၂၅ ရက်၌ ပြောကြားခဲ့သည်။
နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သီးခြားတွေ့ဆုံမှုအတွင်း အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အမေရိကန်-တရုတ် စီးပွားရေးကောင်စီ၊ အမေရိကန် ကုန်သည်ကြီးများအသင်း၊ အက်စ်ပန်အင်စတီကျု၊ အာရှလူမှုအဖွဲ့အစည်း၊ ပြည်ပဆက်ဆံရေးကောင်စီတို့မှ အမေရိကန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ဝမ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးရှိသည်ကို အမေရိကန်နိုင်ငံဘက်က အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံ၏ တိုးတက်မှုသည် အမေရိကန်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် စိန်ခေါ်မှုမဟုတ်ဘဲ အခွင့်အလမ်းတစ်ခုသာဖြစ်ကြောင်း ဝမ်က ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သကဲ့သို့ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံလည်း ဖြစ်သည့်အလျောက် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် တည်ငြိမ်ကောင်းမွန်၍ အစဉ်သဖြင့် တိုးတက်ကောင်းမွန်သော ဆက်ဆံရေးအတွက် ကြိုးပမ်းအားထုတ်သင့်ကြောင်း၊ မျက်မှောက်ကမ္ဘာတွင် ရင်ဆိုင်နေရသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအများအပြားကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲလုပ်ဆောင်သင့်ကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တိုးမြှင့်နိုင်ရေးအတွက် တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျကျနှင့် အကျိုးသင့်အကြောင်းသင့် သိမြင်နားလည်မှု ရှိလိမ့်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)


………………………
(English Version)
China, U.S. are partners, not rivals — Chinese FM
NEW YORK, Sept. 25 (Xinhua) — The most important lesson from the China-U.S. relationship is that the two countries should be partners, not rivals, Chinese Foreign Minister Wang Yi said here on Wednesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks when meeting U.S. representatives from the National Committee on United States-China Relations, the U.S.-China Business Council, the U.S. Chamber of Commerce, the Aspen Institute, the Asia Society, and the Council on Foreign Relations on the sidelines of the UN General Assembly in New York.
The U.S. side needs to recognize that China also has the right to develop, Wang said, adding that China’s development is an opportunity, not a challenge, for the United States and the world.
As permanent members of the UN Security Council and the world’s two largest economies, China and the United States should strive for a stable, healthy, and sustainable development of their relationship and work with the international community to address the numerous global challenges facing today’s world, Wang said.
He expressed hope that the United States will adopt an objective and rational understanding of China to enhance mutual understanding and trust. Enditem
(English Caption)
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with U.S. representatives from the National Committee on United States-China Relations, the U.S.-China Business Council, the U.S. Chamber of Commerce, the Aspen Institute, the Asia Society, and the Council on Foreign Relations on the sidelines of the UN General Assembly in New York, Sept. 25, 2024. (Xinhua/Li Rui)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.