Connect with us

Asia

ဂျပန်နိုင်ငံ၏ အာဏာရပါတီ ခေါင်းဆောင်အဖြစ် ရှိဂဲရု အီရှီဘာရွေးချယ်တင်မြှောက်ခံရ

ဂျပန်နိုင်ငံ တိုကျိုမြို့၌ပြုလုပ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်ရွေးချယ်ပွဲ နောက်ဆုံးအကျော့ မဲပေးမှုမတိုင်မီ ရှိဂဲရု အီရှီဘာ ရှင်းလင်းပြောကြားနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်သော ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်ရွေးချယ်ပွဲတွင် ‌ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှိဂဲရု အီရှီဘာက အနိုင်ရရှိခဲ့ကာ ဂျပန်နိုင်ငံ၏ နောက်တက်မည့်ဝန်ကြီးချုပ် ဖြစ်လာရန် သေချာသလောက်နီးပါးရှိကြောင်း သိရသည်။
အသက် ၆၇ နှစ်အရွယ်ရှိ လွှတ်တော်အမတ် ရှိဂဲရုအနေဖြင့် LDP ပါတီ ဥက္ကဋ္ဌနေရာအတွက် ပဥ္စမအကြိမ် ကြိုးပမ်းမှုတွင် ပြိုင်ဘက်ဖြစ်သူ အမျိုးသမီးကိုယ်စားလှယ်လောင်း ဆာနာအဲ တာခါအိချိနှင့် နောက်ဆုံးအကျော့ ယှဉ်ပြိုင်ခဲ့ရာ အီရှီဘာက ဆာနာအဲအား ၂၁၅-၁၉၄ မဲဖြင့် အနိုင်ရရှိခဲ့သည်။
LDP ပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ဂျပန်နိုင်ငံ၏ လွှတ်တော်နှစ်ရပ်လုံးတွင် အမတ်နေရာအများစုကို ရရှိထားသည့်အတွက် ပါတီဥက္ကဋ္ဌသစ်ဖြစ်လာသူမှာ အောက်တိုဘာ ၁ ရက်၌ ကျင်းပရန် စီစဉ်ထားသည့် ဒိုင်းယက် (Diet) လွှတ်တော် အထူးအစည်းအဝေး၌ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရရန် သေချာသလောက်နီးပါးရှိကာ လက်ရှိဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ၏နေရာအား ဆက်ခံမည်ဖြစ်ကြောင်း သိရသည်။ LDP ပါတီ၏ ရန်ပုံငွေအရှုပ်တော်ပုံနှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လာသည့်အတွက် နောက်တစ်ကြိမ် ရွေးကောက်ခံတော့မည်မဟုတ်ဟု ခီရှီဒါက အတိအလင်းကြေညာခဲ့သည်။
ပထမအကျော့ မဲပေးမှုတွင် LDP လွှတ်တော်အမတ်များက ဆန္ဒမဲ ၃၆၇ မဲ ပေးခဲ့ကာ အောက်ခြေအဆင့် ပါတီဝင်များ၏ အခြား ၃၆၈ မဲကိုမူ ခွဲဝေပေးခဲ့သည်။ ပထမအကျော့၌ တာခါအိချိက အသာရခဲ့ကာ မဲအရေအတွက် ၁၈၁ မဲ ရရှိခဲ့ပြီး ရှိဂဲရုက ၁၅၄ မဲ ရရှိခဲ့ကြောင်း သိရသည်။
နောက်ဆုံးအကျော့ အဆုံးအဖြတ်ယှဉ်ပြိုင်ရာတွင် LDP ပါတီမှ လွှတ်တော်အမတ်များ၏ မဲအရေအတွက်အရသာမက ဒေသန္တရ ပါတီဝင်အစုအဖွဲ့ငယ်များ၏ မဲအရေအတွက်အရလည်း ရှိဂဲရုက အသာရရှိခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇုမိ၏ သားဖြစ်ကာ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီးဟောင်းလည်းဖြစ်သည့် အသက်  ၄၃ နှစ်အရွယ် ရှင်ဂျီရို ကိုအိဇုမိမှာ အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၉ ဦး ပါဝင်ယှဉ်ပြိုင်သော ပထမအကျော့ မဲပေးမှုတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

…………………..
(English Version)
Shigeru Ishiba elected Japan’s ruling party leader
TOKYO, Sept. 27 (Xinhua) — Former Defense Minister Shigeru Ishiba won Japan’s ruling Liberal Democratic Party (LDP) presidential election on Friday, virtually ensuring that he will become the country’s next prime minister.
The 67-year-old lawmaker, in his fifth attempt to lead the party, was elected as the new LDP president by securing 215 votes in a runoff to defeat his female contender Sanae Takaichi, who received 194 votes.
As the LDP-led coalition constitutes a majority in both chambers of the parliament in Japan, the new party president is almost certain to be elected prime minister in the extraordinary Diet session scheduled to be held on Oct. 1, succeeding the incumbent Fumio Kishida, who is not seeking re-election due to mounting criticism over the LDP slush fund scandal.
LDP parliamentarians cast 367 votes in the first round of voting, while another 368 votes were allotted to rank-and-file members. Ishiba, winning 154 votes, entered the runoff vote round with Takaichi who took the lead at 181 votes.
Shigeru won the final race with advantages in the votes from both LDP parliamentarians and local chapters.
43-year-old Shinjiro Koizumi, who is former environment minister and son of former Prime Minister Junichiro Koizumi, lost out in the nine-candidate race in the first round of voting earlier in the afternoon. Enditem
English Caption
Shigeru Ishiba speaks before a runoff election at the Liberal Democratic Party’s (LDP) leadership election in Tokyo, Japan, Sept. 27, 2024.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.