Connect with us

Science & Technology

တရုတ်နိုင်ငံက လပေါ်ဆင်းသက်သည့် အာကာသဝတ်စုံအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအေဂျင်စီက ထုတ်ဖော်ပြသခဲ့သည့် တရုတ်နိုင်ငံ၏ လပေါ်ဆင်းသက်သည့် အာကာသဝတ်စုံ၏ အပြင်ပန်းဒီဇိုင်းပုံစံအား တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လပေါ်ဆင်းသက်သည့် အာကာသဝတ်စုံအား တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအေဂျင်စီ (CMSA) က စက်တင်ဘာ ၂၈ ရက်၌ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ကာ ယင်း၏အမည်အား အများပြည်သူထံမှ တောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချုံချင့်မြို့ရှိ တရုတ်အာကာသယာဉ်မှူး သုတေသနနှင့် လေ့ကျင့်ရေးစင်တာက ကြီးမှူးကျင်းပသည့် တတိယအကြိမ် အာကာသဝတ်စုံ နည်းပညာဆိုင်ရာ ဖိုရမ်၌ ထုတ်ဖော်ပြသခဲ့သော လပေါ်ဆင်းသက်သည့် အဖြူရောင် အာကာသဝတ်စုံအား အနီရောင်အစင်းကြောင်းများဖြင့် အလှဆင်ထားကြောင်း သိရသည်။

အင်္ကျီလက်မှ အနီရောင်အစင်းကြောင်းများအား သွန်းဟွမ် အနုပညာ၏ နာမည်ကျော်ကြားသော အထင်ကရ သင်္ကေတဖြစ်သည့် ဖဲကြိုးများကို စိတ်ကူးစိတ်သန်းရယူဖန်တီးထားခြင်းဖြစ်ပြီး ဘောင်းဘီမှ အနီရောင်အစင်းကြောင်းများကိုမူ ဒုံးပျံယာဉ်လွှတ်တင်ရာ၌ ထွက်ပေါ်လာသည့် မီးတောက်များနှင့် သဏ္ဌာန်တူအောင် ဖန်တီးထားခြင်းဖြစ်သည်။

အဆိုပါ အာကာသဝတ်စုံသည် အာကာသယာဉ်မှူးများအား လ၏ အပူဓာတ်ရှိသော ပတ်ဝန်းကျင်နှင့် ဖုန်မှုန့်များမှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် အကာအကွယ်ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း CMSA က ထုတ်ပြန်သည့် ဗီဒီယိုတွင် ဖော်ပြထားသည်။ ယင်းဝတ်စုံတွင် အလွယ်တကူ လည်ပတ်အသုံးပြုနိုင်သော ဘက်စုံသုံး စုပေါင်းထိန်းချုပ်ခလုတ်ခုံနှင့် အနီးကပ်မြင်ကွင်းများကိုသာမက ခပ်လှမ်းလှမ်းမှ မြင်ကွင်းများကိုပါ မှတ်တမ်းတင်ရိုက်ကူးနိုင်သည့် ကင်မရာများကိုလည်း တပ်ဆင်ထားသည်။

ထိုအာကာသဝတ်စုံတွင် ကျုံ့နိုင်ဆန့်နိုင်ပြီး ခိုင်ခံ့စိတ်ချရသည့် လက်အိတ်များ၊ စူးရှသည့် အလင်းဒဏ်ကိုခံနိုင်သော မြင်ကွင်းကျယ် ခေါင်းဆောင်းမျက်နှာအကာတစ်ခု၊ ဒြပ်ဆွဲအားနည်းသော ပတ်ဝန်းကျင်များတွင် လိုက်လျောညီထွေဖြစ်စေရန် စီမံထားသည့် အဆက်နေရာများလည်း ပါဝင်ကာ ထိုအာကာသဝတ်စုံ၏ ဒီဇိုင်းတစ်ခုလုံးအား ခြုံငုံကြည့်လျှင် ပေါ့ပါး၍ လမျက်နှာပြင်ပေါ်၌ သွားလာလှုပ်ရှားမှုများအတွက် သင့်လျော်ကြောင်း သိရသည်။

ထိုဗီဒီယိုတွင် အာကာသယာဉ်မှူးများဖြစ်သည့် ကျိုက်ကျစ်ကန်းနှင့် ဝမ်ရာဖိန်တို့က လပေါ်သွားဝတ်စုံသစ်ကို လက်တွေ့ဝတ်ဆင်ပြခဲ့ကာ လပေါ်သွားဝတ်စုံအား ဝတ်ဆင်လျက် လမ်းလျှောက်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်း၊ ခန္ဓာကိုယ်အား ကိုင်းညွှတ်ခြင်း၊ ဒူးတစ်ဖက်ထောက်ခြင်း၊ လှေကားတက်ခြင်း စသည့် လှုပ်ရှားမှုအမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)
China unveils moon-landing spacesuit for the first time
CHONGQING, Sept. 28 (Xinhua) — The China Manned Space Agency (CMSA) unveiled the exterior design of the country’s moon-landing spacesuit for the first time on Saturday, soliciting its name from the public.
Displayed on the third Spacesuit Technology Forum hosted by the China Astronaut Research and Training Center in southwest China’s Chongqing Municipality, the white moon-landing spacesuit is decorated with red stripes.
The red stripes on its upper limbs are inspired by ribbons of the famous “flying apsaras” of Dunhuang art, while those on its lower limbs resemble rocket launch flames.
According to a video released by the CMSA, the spacesuit is made from protective materials that can effectively shield astronauts from the lunar thermal environment and lunar dust. It is equipped with a multifunctional integrated control panel that is easy to operate, as well as cameras for recording close-up and long-distance scenes.
The spacesuit also features flexible and reliable gloves, a panoramic glare-proof helmet visor, and joints adapted for low-gravity environments. The overall design of the spacesuit is lightweight, suitable for activities on the lunar surface.
Astronauts Zhai Zhigang and Wang Yaping serve as models for the new lunar suit in the video. Clad in the lunar gear, they perform a variety of movements, including walking, squatting, bending over, kneeling on one knee, and climbing a ladder. Enditem
English Caption
This image shows the exterior design of China’s moon-landing spacesuit unveiled by the China Manned Space Agency. (Xinhua)