Connect with us

Economy

တရုတ်-အာဆီယံ ကုန်စည်ပြပွဲက ပြခန်းပြသသူများအား စံချိန်တင်ဆွဲဆောင်လျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပလျက်ရှိသည့် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) သည် စက်တင်ဘာ ၂၈ ရက်က ပြီးဆုံးသွားပြီဖြစ်ကာ စံချိန်တင်အဖြစ် ပြခန်းပြသသူပေါင်း ၃,၃၀၀ ဦး ရှိခဲ့ကြောင်း သိရသည်။အဆိုပါပြပွဲ၌ ပြခန်းပြသသူပေါင်း ၃,၃၀၀ ဦး ရှိခဲ့ကာ နန်နင်းမြို့၌ ပြုလုပ်သည့် ပင်မပြပွဲဧရိယာတွင် ပါဝင်ပြသသူပေါင်း ၂,၀၀၄ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် အာဆီယံနိုင်ငံများမှ ကုမ္ပဏီပေါင်း ၇၄၀ ပါဝင်ခဲ့သည်ဟု CAEXPO အထွေထွေအတွင်းရေးမှူးရုံး၏ အထွေထွေအတွင်းရေးမှူး ဝေကျောင်းဟွေးက ပြောကြားခဲ့သည်။

မဟာဗျူဟာကျသည့် ထွန်းသစ်စ စက်မှုလုပ်ငန်းများကို မီးမောင်းထိုးပြရန်အတွက် ယခုနှစ်တွင် စတင်ထည့်သွင်းခဲ့သည့် ကဏ္ဍသစ်တွင် ဒစ်ဂျစ်တယ်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အင်တာနက်ကွန်ရက် ချိတ်ဆက်ထားသော မော်တော်ယာဉ် စသည့် နယ်ပယ်များ၌ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများနှင့် နည်းပညာများကို ပြသခဲ့သည်။

ယခုနှစ် ကုန်စည်ပြပွဲအတွင်း ပရောဂျက်ပေါင်း ၁၀၉ ခုအား လက်မှတ်ရေးထိုးခဲ့ကာ ယင်းတို့အနက် ၆၉ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် အဓိကထားခြင်းဖြစ်သည်။ အဆိုပါ ပရောဂျက်များထဲတွင် ဓာတုကုန်ကြမ်းပစ္စည်းသစ်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စွမ်းအင်သိုလှောင်မှု၊ သံဓာတ်မပါဝင်သော သတ္တုများ၊ စက်ယန္တရားများနှင့် ကိရိယာများ စသည့် အဓိကကဏ္ဍများအပြင် ကာဗွန်ဓာတ်နည်းသော ပေါ်လီမာကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ဓာတုကုန်ကြမ်းများ အပါအဝင် ထွန်းသစ်စ စက်မှုလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် CAEXPO ကုန်စည်ပြပွဲသည် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်ဈေးကွက်ထဲသို့ ဝင်ရောက်နိုင်စေရန် ပလက်ဖောင်းတစ်ခုအဖြစ် တက်တက်ကြွကြွ ပေါင်းကူးချိတ်ဆက်ပေးလျက်ရှိသည်။ လာမည့် ၂၂ ကြိမ်မြောက် CAEXPO ကုန်စည်ပြပွဲအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပရန် ကနဦးစီစဉ်ထားကာ မြန်မာနိုင်ငံက ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————
(English Version)
China-ASEAN Expo attracts record number of exhibitors
NANNING, Sept. 28 (Xinhua) — The 21st China-ASEAN Expo (CAEXPO), which has drawn a record number of 3,300 exhibitors, concluded Saturday in Nanning, south China’s Guangxi Zhuang Autonomous Region.
The expo featured 3,300 exhibitors, with 2,004 participating in the main exhibition area in Nanning. Among them were 740 enterprises from ASEAN countries, according to Wei Zhaohui, secretary-general of the CAEXPO Secretariat.
A new section was introduced this year to highlight strategic emerging industries, showcasing the latest developments and technologies in fields such as digital technology, new energy and intelligent connected vehicles.
This year’s expo saw the signing of 109 projects, with 69 percent of them focused on manufacturing. These projects involved key sectors such as new chemical materials, new energy and energy storage, non-ferrous metals and machinery and equipment, as well as emerging industries including low-carbon polymer materials and high-end semiconductor chemical materials.
Since its inception in 2004, CAEXPO has actively built a platform for ASEAN enterprises to enter the Chinese market. The 22nd CAEXPO is tentatively scheduled for Sept. 17 to 21, 2025, with Myanmar as the country of honor. Enditem
English Caption
This photo shows a view of Nanning International Convention and Exhibition Center in Nanning, south China’s Guangxi Zhuang Autonomous Region, Sept. 24, 2024. (Xinhua/Huang Xiaobang)