Connect with us

China

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ ၃၁၃ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကူမင်းချန်ဆွေ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာသော သံသယတစ်ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
ယင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ တားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်ဖြင့် တရုတ်နှင့် မြန်မာ ရဲတပ်ဖွဲ့များကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်ဖြစ်သည်။
အဆိုပါ တားဆီးနှိမ်နင်းမှုအတွင်း နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား ၅၅၇ ဦး စုစုပေါင်း ၈၇၀ ဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ မူဆယ်ဒေသတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကြား ပထမဆုံးအကြိမ် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုကို မတ်လတွင် ဆောင်ရွက်ခဲ့ရာ ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူ ၈၀၀ ကျော် ဖမ်းဆီးမိခဲ့သည်။
တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် တရုတ်နိုင်ငံသားများ ပါဝင်ပတ်သက်မှုရှိသော ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရန် ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ မြန်မာနိုင်ငံ၌ ဖမ်းဆီးမိခဲ့သော ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှု ကျူးလွန်သူ ၄၉,၀၀၀ ဦးကို တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက မေလတွင် ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
313 telecom fraud suspects handed over to China from Myanmar
BEIJING, Sept. 30 (Xinhua) — China’s Ministry of Public Security on Monday announced that 313 Chinese nationals suspected of cross-border telecom fraud have been transferred from Myanmar to China.
This is the result of a joint law enforcement operation between Chinese and Myanmar police aimed at cracking down on telecom and online fraud in northern Myanmar.
A total of 870 suspects involved in cross-border telecom fraud were arrested during the operation, comprising 313 Chinese and 557 Myanmar nationals, the ministry said in a statement.
In March, Chinese and Myanmar police conducted their first joint law enforcement operation in the Muse region of Myanmar, arresting over 800 telecom fraud suspects.
The ministry said it will strengthen law enforcement cooperation with Myanmar police and conduct regular joint operations to combat telecom and online fraud involving Chinese nationals in northern Myanmar.
In May, the ministry said 49,000 criminal suspects of telecom and internet fraud had been handed over to China’s custody by Myanmar since July 2023.
Photo: A telecom fraud suspect is escorted by Chinese police officers at the Kunming Changshui International Airport in Kunming, southwest China’s Yunnan Province, Jan. 30, 2024. (Xinhua/Yin Gang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.