Connect with us

China

ကနေဒါနိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်မှုနှင့် ကနေဒါထုတ်ကုန်အချို့အား စုံစမ်းစစ်ဆေးမည်ဟု တရုတ်နိုင်ငံ ကြေညာ

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟဲနန်ပြည်နယ်၊ ကျိန့်ကျိုးမြို့ရှိ တရုတ်ထိပ်တန်း လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း BYD ၏ မော်တော်ယာဉ်တပ်ဆင်ရေး အလုပ်ရုံ၌ လျှပ်စစ်မော်တော်ယာဉ်တစ်စီးအား ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ကနေဒါနိုင်ငံက တရုတ်နိုင်ငံမှတင်သွင်းသည့် လျှပ်စစ်မော်တော်ယာဉ်များ (EV) ၊ သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအား အခွန်နှုန်းထား အဆမတန်တိုးမြှင့်မှုနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
မုန်ညင်းစေ့ တင်သွင်းမှုနှင့် ကနေဒါနိုင်ငံမှ ဓာတုထွက်ကုန်အချို့ကိုလည်း ပြည်ပ၌ ဈေးလျှော့၍ ပုံအောရောင်းချမှုကို တိုက်ဖျက်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အွန်လိုင်းမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကနေဒါနိုင်ငံက သက်ဆိုင်သူအသီးသီး၏ ဆန့်ကျင်ကန့်ကွက်မှုကို လျစ်လျူရှု၍ တရုတ်နိုင်ငံမှ သွင်းကုန်များကို ပစ်မှတ်ထားလျက် ခွဲခြားဆက်ဆံသည့် တစ်ဖက်သတ် ကန့်သတ်ပိတ်ပင်မှု အစီအမံများကို ကျင့်သုံးခဲ့ကြောင်း၊ တရုတ်နိုင်ငံက ထိုကဲ့သို့ လုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အဆိုပါ လုပ်ထုံးလုပ်နည်းများကို ကန့်ကွက်သည့်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (WTO) ၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားထံ တင်ပြမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအား တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ပြည်ပကုန်သွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စတင်မည်ဖြစ်ကာ ပကတိအခြေအနေပေါ် မူတည်၍ သင့်လျော်သည့် အစီအမံများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော သီတင်းပတ်တွင် ကနေဒါနိုင်ငံက တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်အားလုံးကို ထပ်တိုးခွန် ၁၀၀ ရာခိုင်နှုန်း သတ်မှတ်မည်ဖြစ်ကာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ သံမဏိနှင့် အလူမီနီယံ သွင်းကုန်များကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှစ၍ ထပ်တိုးခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကနေဒါနိုင်ငံမှ တရုတ်နိုင်ငံသို့ မုန်ညင်းစေ့တင်ပို့မှုသည် သိသိသာသာ များပြားလာခဲ့ကာ ပြည်ပ၌ ဈေးလျှော့၍ ပုံအောရောင်းချနေသည်ဟု သံသယရှိကြောင်း တရုတ်ပြည်တွင်းလုပ်ငန်းမှ ရရှိသော လတ်တလော အစီရင်ခံစာများကို ကိုးကား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကနေဒါနိုင်ငံက တရုတ်နိုင်ငံသို့ မုန်ညင်းစေ့တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃.၄၇ ဘီလီယံဖိုးရှိခဲ့ကာ ယမန်နှစ် ကာလတူထက် ၁၇၀ ရာခိုင်နှုန်း ထိုးတက်ခဲ့ပြီး ဈေးနှုန်းမှာမူ တောက်လျှောက်ကျဆင်းလျက်ရှိကြောင်း သိရသည်။
“ကနေဒါနိုင်ငံဘက်က မမျှမတယှဉ်ပြိုင်နေတဲ့ အကျိုးဆက်ကြောင့် တရုတ်နိုင်ငံရဲ့ မုန်ညင်းစေ့နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ တောက်လျှောက်အရှုံးပေါ်နေပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ကနေဒါနိုင်ငံ၏ မုန်ညင်းစေ့တင်ပို့မှုများအား လျှော့ဈေးဖြင့်ပုံအောရောင်းချမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုကို တရုတ်နိုင်ငံ၏ သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းများအပြင် WTO ၏ စည်းမျဉ်းများနှင့်လည်း လျော်ညီစွာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ တရုတ်ပြည်တွင်း လုပ်ငန်းများ၏ မေတ္တာရပ်ခံချက်အရ ကနေဒါနိုင်ငံမှ သက်ဆိုင်ရာ ဓာတုထုတ်ကုန်များကိုလည်း စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“တရုတ်နိုင်ငံရဲ့ သဘောထားက ရှင်းလင်းပြတ်သားပါတယ်။ တရုတ်နိုင်ငံဟာ တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ တရားဝင် ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့ လိုအပ်တဲ့အစီအမံအားလုံး လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
China announces probes into Canada’s tariff hikes, certain products
BEIJING, Sept. 3 (Xinhua) — China will launch an anti-discrimination investigation into Canada’s tariff hikes on electric vehicles (EVs) as well as steel and aluminum products imported from China, the Ministry of Commerce said Tuesday.
China will also launch anti-dumping investigations into rapeseed imports and certain Canadian chemical products, a spokesperson of the ministry said in an online statement.
The Canadian side adopted discriminatory unilateral restrictive measures targeting imports from China, in disregard of opposition from various parties, the spokesperson said, noting that China is strongly dissatisfied with and firmly against such moves.
China will file an appeal to the World Trade Organization (WTO) dispute settlement mechanism against these practices, according to the spokesperson.
The anti-discrimination investigation will be initiated in accordance with relevant stipulations of China’s foreign trade law, and corresponding measures will be taken subsequently in light of actual conditions.
This decision came after Canada announced last week that it will implement a 100-percent surtax on all Chinese-made EVs, effective Oct. 1, 2024, and impose a 25-percent surtax on imports of steel and aluminum products from China starting Oct. 15, 2024.
Citing recent reports from the Chinese domestic industry, the ministry spokesperson said Canadian rapeseed exports to China have increased significantly, with dumping suspected. Canada exported 3.47 billion U.S. dollars worth of rapeseed to China in 2023, with the volume surging 170 percent year on year and prices continuously moving downward, according to the spokesperson.
“Affected by unfair competition from the Canadian side, China’s rapeseed-related industries have continued to suffer losses,” the spokesperson said.
The anti-dumping probe into Canada’s rapeseed exports will be conducted in accordance with China’s relevant laws and regulations as well as WTO rules, while that into relevant Canadian chemical products will be launched at the request of China’s domestic industries.
“China’s position is clear-cut. The country will take all measures necessary to safeguard the legitimate rights and interests of Chinese companies,” the spokesperson said. Enditem
English Caption
This photo taken on April 24, 2024 shows a new energy vehicle (NEV) assembly line of BYD, China’s leading NEV manufacturer, at the plant of BYD in Zhengzhou, central China’s Henan Province. (Xinhua/Li Jianan)