Connect with us

China

တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ထပ်တိုးသတ်မှတ်မှုအားလုံးကို ရုပ်သိမ်းပေးရန် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်၊ ဖူကျိုးမြို့၊ ဖူကျိုးဆိပ်ကမ်းရှိ ကျန်းယင်း ဆိပ်ခံတံတားတွင် ပြည်ပသို့တင်ပို့မည့် မော်တော်ယာဉ်များအား ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ မှားယွင်းသောလုပ်ရပ်များကို ပြန်လည်ပြင်ဆင်ကာ တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ထပ်တိုးသတ်မှတ်မှုအားလုံးကို ချက်ချင်းဖယ်ရှားပေးသင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံမှ သွင်းကုန်များအား ပုဒ်မ ၃၀၁ အရ စည်းကြပ်ခွန်တိုးမြှင့်မှုနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို ကြေညာရန် မကြာသေးမီက ထပ်မံရွှေ့ဆိုင်းခဲ့သည့်အပေါ် သတင်းမီဒီယာတစ်ခု၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟဲယုံချန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပုဒ်မ ၃၀၁ အရ စည်းကြပ်ခွန် သတ်မှတ်မှုများသည် WTO ၏ စည်းမျဉ်းများကို ချိုးဖောက်နေသည်ဟု ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (WTO) က ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအား စည်းကြပ်ခွန် ထပ်မံတိုးမြှင့်မည့် လုပ်ဆောင်ချက်သည် အမှားကို ပိုဆိုးရွားစေရုံသာ ရှိလိမ့်မည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
အမေရိကန်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် ပုဒ်မ ၃၀၁ စည်းကြပ်ခွန်သတ်မှတ်မှုအား ပြန်လည်သုံးသပ်သည့် ရလဒ်များနှင့်ပတ်သက်၍ ယခင်က လူထုသဘောထား တောင်းခံခဲ့ရာတွင် သဘောထားအမြင် အများစုက စည်းကြပ်ခွန် ထပ်တိုးသတ်မှတ်ခြင်းကို ဆန့်ကျင်ကြောင်း သို့မဟုတ် ပိုမိုကျယ်ပြန့်သည့် သွင်းကုန်ကင်းလွတ်ခွင့်များပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
“ပုဒ်မ ၃၀၁ အရ သွင်းကုန်စည်းကြပ်ခွန် သတ်မှတ်မှုတွေက အမေရိကန်လူထုအကြားမှာ လူကြိုက်မများဘူးဆိုတာကို အဲဒီအချက်က ညွှန်ပြနေတယ်” ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
China urges U.S. to lift all additional tariffs on Chinese goods
BEIJING, Sept. 5 (Xinhua) — China’s Ministry of Commerce said Thursday that the United States should rectify its wrongdoings and immediately remove all additional tariffs on Chinese goods.
The remarks were made by spokesperson He Yongqian in response to a media inquiry about the United States recently delaying again an announcement of decisions on increasing tariffs on imports from China under Section 301.
The World Trade Organization (WTO) has already ruled that the Section 301 tariffs violate WTO rules, and the spokesperson said the U.S. move to increase the additional tariffs on China would only compound the mistake.
The Office of the United States Trade Representative had previously sought public opinions on the results of the Section 301 tariff review. The majority of the opinions either opposed the imposition of additional tariffs or requested broader tariff exemptions.
“This shows the Section 301 tariffs are unpopular among the U.S. public,” said the spokesperson. Enditem
English Caption
An aerial drone photo taken on March 12, 2024 shows vehicles for export parking at Jiangyin terminal of Fuzhou Port in Fuzhou, southeast China’s Fujian Province. (Xinhua/Lin Shanchuan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.