Connect with us

China

၂၀၂၄ ခုနှစ် FOCAC ထိပ်သီးအစည်းအဝေးက “ပြီးပြည့်စုံသော အောင်မြင်မှု” ရရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး Yacine Fall နှင့် ကွန်ဂိုသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Claude Gakosso တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က အတူတကွသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ထိပ်သီးအစည်းအဝေးက ပြီးပြည့်စုံသောအောင်မြင်မှု ရရှိခဲ့သည်ဟု စက်တင်ဘာ ၅ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး Yacine Fall နှင့် ကွန်ဂိုသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Claude Gakosso တို့နှင့် အတူတကွ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ဝမ်က ထိပ်သီးအစည်းအဝေး၏ အဓိကရလဒ်များကို အသေးစိတ်ပြောကြားလျက် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိသော အာဖရိကနိုင်ငံများအားလုံးနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် မဟာဗျူဟာမြောက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ခဲ့ပြီးဖြစ်သည်ဟု ဝမ်က ဆိုသည်။
တရုတ်-အာဖရိက ဆက်ဆံရေး၏ အလုံးစုံသွင်ပြင်လက္ခဏာသည် ခေတ်သစ်တွင် အခြေအနေအချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှအသိုက်အဝန်းအဖြစ် အဆင့်မြှင့်တင်ထားခဲ့ပြီးဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။
ထို့ပြင် တရုတ်-အာဖရိက ခေတ်မီအသွင်ပြောင်းမှု အဆင့်မြှင့်တင်ရေး အဓိကအဆိုပြုချက် ၆ ခုကိုလည်း ကမ်းလှမ်းထားပြီးဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေး လုပ်ငန်းစီမံကိန်းကိုလည်း ထုတ်ပြန်ထားခဲ့ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကလည်း လာမည့်သုံးနှစ်တာကာလအတွင်း တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းမှုရှိစေရန် ခေတ်မီအသွင်ပြောင်းမှု မိတ်ဖက်ဆက်ဆံရေးအစီအစဉ် ၁၀ ခုကို ကြေညာခဲ့ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံနှင့် အာဖရိကတိုက်သည် ၎င်းတို့၏ သက်ဆိုင်ရာ ပင်မအကျိုးစီးပွားများနှင့် ဆက်စပ်သောကိစ္စရပ်များကို အချင်းချင်း အခိုင်အမာထောက်ခံရန်နှင့် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ကျင့်သုံးရန် သဘောတူခဲ့ကြသည်။ ထို့ပြင် အမှန်ကိုမစူးစမ်းဘဲ မျက်စိမှိတ်ဘက်လိုက်ခြင်းကိုလည်း ဆန့်ကျင်ရန်၊ သမိုင်းကြောင်းအရ တရားမျှတမှုမရှိခြင်းကိုလည်း ကိုင်တွယ်ဆောင်ရွက်ရန်နှင့် ပြည်သူအားလုံး အကျိုးကျေးဇူးရရှိစေမည့် ခေတ်မီအသွင်ပြောင်းလဲခြင်းကို အဆင့်မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
FOCAC ထိပ်သီးအစည်းအဝေးသည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အခိုင်အမာယုံကြည်မှုကိုလည်း အထင်အရှားဖော်ပြလျက်ရှိကြောင်း ဝမ်က မှတ်ချက်ပြုပြောကြားခဲ့သည်။
ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး Yacine Fall နှင့် ကွန်ဂိုသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Claude Gakosso တို့ကလည်း အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုက အာဖရိက၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့ကြောင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု စံနမူနာအဖြစ် သမိုင်းတွင် အခိုင်အမာရေးသွင်းဖော်ပြလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
အာဖရိကအနေဖြင့် ထိပ်သီးအစည်းအ‌ဝေးနှင့် နှစ်ဘက်ကြားရရှိခဲ့သော သဘောတူညီချက်များ၏ ရလဒ်များကို အကောင်အထည်ဖော်ရေး၊ အာဖရိက-တရုတ်ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်း‌ရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံသာယာဝပြောမှု မျှဝေခြင်းကို သဘောပေါက်လက်ခံရေး စသည်တို့၌ တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်ရန် အသင့်ရှိသည်ဟု ၎င်းတို့က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး Yacine Fall နှင့် ကွန်ဂိုသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Claude Gakosso တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က အတူတကွသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး Yacine Fall နှင့် ကွန်ဂိုသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Claude Gakosso တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က အတူတကွသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး Yacine Fall နှင့် ကွန်ဂိုသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Claude Gakosso တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က အတူတကွသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
(FOCAC) Chinese foreign minister says 2024 FOCAC summit achieves “complete success”
BEIJING, Sept. 5 (Xinhua) — Chinese Foreign Minister Wang Yi said Thursday the 2024 Summit of the Forum on China-Africa Cooperation (FOCAC) has achieved complete success.
Wang, also a member of the Political Bureau of the Central Committee of the Communist Party of China, made the remarks when meeting the press together with Senegalese Foreign Minister Yacine Fall and Minister of Foreign Affairs of the Republic of the Congo Jean-Claude Gakosso.
Elaborating on the major outcomes of the summit, Wang said bilateral relations between China and all African countries having diplomatic ties with China have been elevated to the level of strategic relations.
The overall characterization of China-Africa relations has been elevated to an all-weather China-Africa community with a shared future for the new era, Wang said.
Six major proposals to advance China-Africa modernization have been put forward, Wang said.
A blueprint for action to advance China-Africa cooperation has been mapped out, he said, adding that Chinese President Xi Jinping has announced 10 partnership actions for modernization to deepen China-Africa cooperation for the next three years.
During the summit, China and Africa agreed to firmly support each other on issues concerning their respective core interests and practice true multilateralism. They also agreed to oppose prejudice, address historical injustice and advance modernization to make it benefit all people, Wang said.
The summit has demonstrated the Global South’s firm confidence in solidarity and cooperation, Wang noted.
According to Fall and Gakosso, Africa-China cooperation has changed the fate of Africa and will surely go down in history as a model of international cooperation.
Africa is ready to work with China in implementing the outcomes of the summit and the consensus between the two sides, deepening Africa-China friendship, and realizing shared development and common prosperity, they said.
Photo 1-4: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets the press together with Senegalese Foreign Minister Yacine Fall and Minister of Foreign Affairs of the Republic of the Congo Jean-Claude Gakosso in Beijing, capital of China, Sept. 5, 2024. (Xinhua/Chen Yehua)