Connect with us

China

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အဏ္ဏဝါ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်မည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရုတ်-ထိုင်း အဏ္ဏဝါသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကျင်းပနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင်းမိုင်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ သယံဇာတနှင့် အဏ္ဏဝါသိပ္ပံဌာနတို့မှ ကျွမ်းကျင်ပညာရှင်နှင့် ကိုယ်စားလှယ် ၁၀၀ ကျော်တို့ တွေ့ဆုံကာ အဏ္ဏဝါသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အသိအမြင်များကို မျှဝေခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်ကြာကျင်းပခဲ့သည့် တရုတ်-ထိုင်း အဏ္ဏဝါသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသည် စက်တင်ဘာ ၅ ရက်က ပြီးဆုံးခဲ့ပြီဖြစ်ကာ ဦးဆောင်ကော်မတီ အစည်းအဝေးနှင့် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲတို့ကိုလည်း ကျင်းပခဲ့သည်။ ထိုအစည်းအဝေးအတွင်း အဏ္ဏဝါသိပ္ပံနယ်ပယ်တွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အထောက်အကူပြုရန် အခိုင်အမာစိတ်ပိုင်းဖြတ်မှုကို နှစ်ဖက်စလုံးက ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါ အစည်းအဝေးအတွင်း တရုတ်-ထိုင်း ရာသီဥတုနှင့် အဏ္ဏဝါဂေဟစနစ်များဆိုင်ရာ ပူးတွဲလက်တွေ့စမ်းသပ်မှုစီမံကိန်း၏ ဦးဆောင်သူများက အထင်ကရ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ၏ လတ်တလော အခြေအနေများကို တင်ပြခဲ့သည်။ ထို့အပြင် စီမံကိန်းဖော်ဆောင်မှု ရလဒ်များနှင့် လူမှုရေးအကျိုးအမြတ်များကို ပြန်လည်သုံးသပ်ခဲ့ကာ ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဏ္ဏဝါသိပ္ပံနယ်ပယ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့်ကာ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခြင်းဖြင့် အရည်အသွေးမြင့်မားသည့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို ဖန်တီးနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန၊ ကမ်းရိုးတန်းသယံဇာတ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံ ညွှန်ကြားရေးမှူး Sumana Kajonwattanakul က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သယံဇာတဝန်ကြီးဌာန၊ First Institute of Oceanography ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ချောင်ဖန်းလိက ထိုအစည်းအဝေးအား ကျင်းပခြင်းဖြင့် အဏ္ဏဝါသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ လတ်တလော ရလဒ်များကို အပြန်အလှန်ဖလှယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အေးအတူပူအမျှ အဏ္ဏဝါရေကြောင်း အသိုက်အဝန်းတစ်ခု ထူထောင်သည့် ထင်ထင်ရှားရှား လက်တွေ့လုပ်ဆောင်မှုဖြစ်သော ရေရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အဏ္ဏဝါသိပ္ပံ သုတေသနနယ်ပယ်၌ နီးကပ်သော မိတ်ဆွေများဖြစ်လာသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
China, Thailand to deepen marine scientific, technological cooperation
Chiang Mai, Thailand, Sept. 6 (Xinhua) — More than 100 experts and representatives from natural resources and marine departments of China and Thailand have gathered here to share insights on marine scientific and technological cooperation.
The three-day meeting of China-Thailand Cooperation on Marine concluded in Chiang Mai, Thailand on Thursday, including steering committee meeting and joint workshop. Both sides expressed commitment to continuously promote international cooperation to meet these challenges in the marine field.
During the meeting, the project leaders of the China-Thailand Joint Laboratory for Climate and Marine Ecosystems from both sides introduced the latest developments of flagship cooperation projects. The representatives also reviewed the application of project results and social benefits as well as discussed the 2025 work plan.
Sumana Kajonwattanakul, director of Marine and Coastal Resources Research and Development Institute, Thailand’s Ministry of Natural Resources and Environment, said he hoped that the cooperation between the two countries in the marine field will be further expanded and deepened with joint efforts, and high-quality cooperation results will be produced.
Qiao Fangli, deputy director general of the First Institute of Oceanography, the Ministry of Natural Resources of China, said that by holding this meeting, the two sides exchanged the latest results of marine scientific and technological cooperation.
China and Thailand became close marine scientific research friends through long-term cooperation, which was a vivid practice of building a maritime community with a shared future, he added. Enditem
The meeting of China-Thailand Cooperation on Marine is held in Chiang Mai, Thailand, Sept. 5, 2024. (Xinhua/Sun Weitong)