Connect with us

China

စည်းကြပ်ခွန်တိုးမြှင့်မှုနှင့် စပ်လျဉ်း၍ WTO ၌ ဆွေးနွေးညှိနှိုင်းရန် တရုတ်နိုင်ငံက ကနေဒါနိုင်ငံဘက်သို့ တောင်းဆိုချက်တင်သွင်း

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ရန်ဖူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်ရှိ ရန်ဖူ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာဆိပ်ကမ်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ဝေဟင်မှရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်မော်တော်ယာဉ်များ၊ သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအား ထပ်တိုးခွန် သတ်မှတ်ရန် ကနေဒါနိုင်ငံက စီစဉ်နေမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (WTO) ၌ ဆွေးနွေးညှိနှိုင်းရန် တရုတ်နိုင်ငံက ကနေဒါနိုင်ငံဘက်သို့ တောင်းဆိုချက်တစ်ရပ်ကို စက်တင်ဘာ ၆ ရက်တွင် အဆိုပြုခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကနေဒါနိုင်ငံက WTO ၌ ပေးအပ်ထားသော ကတိကဝတ်များကို ချိုးဖောက်လျက် တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်များအား ထပ်တိုးခွန် ၁၀၀ ရာခိုင်နှုန်း၊ သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအား ထပ်တိုးခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်မည့် အစီအစဉ်သည် တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှုဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒစစ်စစ်၏ ဥပမာတစ်ခုပင်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ကနေဒါနိုင်ငံ၏ လုပ်ရပ်သည် စည်းမျဉ်းအခြေပြု ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်အား ဆိုးရွားစွာထိခိုက်စေကာ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် လျှပ်စစ်မော်တော်ယာဉ်၊ သံမဏိနှင့် အလူမီနီယံကဲ့သို့သော လုပ်ငန်းများတွင် ထောက်ပံ့ကွင်းဆက်များကို ပျက်ပြားစေကြောင်း၊ ထိုအခြေအနေအားလုံးကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးစနစ်ကို ခိုင်ခိုင်မာမာထောက်ခံ၍ ယင်းစနစ်ကို အဓိကပံ့ပိုးသူလည်းဖြစ်သည့် တရုတ်နိုင်ငံက ကနေဒါနိုင်ငံအား WTO စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် မှားယွင်းသောလုပ်ရပ်များကို ချက်ချင်းပြင်ဆင်ရန် တိုက်တွန်းကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………….
(English Version)
China lodges consultation request to Canada at WTO over tariff hikes
BEIJING, Sept. 6 (Xinhua) — China on Friday put forward a consultation request to Canada at the World Trade Organization (WTO) over Canada’s plan to impose surtaxes on electric vehicles as well as steel and aluminum products imported from China, according to the Ministry of Commerce.
In violation of its WTO commitments, Canada’s plan to impose 100 percent surtaxes on Chinese-made electric vehicles and 25 percent on steel and aluminum products represents a typical example of unilateralism and trade protectionism, a spokesperson with the ministry said.
Canada’s move severely undermines the rules-based multilateral trading system, and disrupts global industrial and supply chains in industries such as electric vehicles, steel and aluminum, all of which China firmly opposes, the spokesperson said.
As a staunch supporter of and important contributor to the multilateral trading system, China urges Canada to abide by the WTO rules and rectify its erroneous actions immediately, according to the spokesperson. Enditem
English Caption
This aerial photo taken on Dec. 10, 2022 shows a view of the Yangpu international container terminal in the Yangpu Economic Development Zone, south China’s Hainan Province. (Xinhua/Pu Xiaoxu)