Connect with us

China

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့ ကတိပြု

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့တွင် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်နှင့် မွန်ဂိုလီးယား ဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene တို့ တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အူလန်ဘာတာ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် မွန်ဂိုလီးယားနိုင်ငံနှင့် ဆက်ဆံရေးပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာခရီးစဉ်အတွင်း ဟန်က မွန်ဂိုလီးယား ဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene ၊ သမ္မတ Ukhnaa Khurelsukh ၊ လွှတ်တော်ဥက္ကဋ္ဌ Dashzegve Amarbayasgalan တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

မွန်ဂိုလီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာ၌ ဟန်က တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် နိုင်ငံရေးယုံကြည်မှု ခိုင်မာစေရေး၊ အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ပြည်သူများအကြား အပြန်အလှန်နားလည်မှု တိုးမြှင့်ရေးတို့အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
စွမ်းအင်၊ နည်းပညာပိုင်းချိတ်ဆက်မှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများတွင် နှစ်နိုင်ငံအကြား ဆွေးနွေးတိုင်ပင်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဟန်က တိုက်တွန်းခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံက ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အထိ “Years to Visit Mongolia” အဖြစ် သတ်မှတ်ထားခြင်းကို တရုတ်နိုင်ငံက ကြိုဆိုလျက်ရှိကာ မွန်ဂိုလီးယားနိုင်ငံ၏ လူငယ်များ၊ ကျောင်းသားများ၊ မီဒီယာများနှင့် အပြန်အလှန် ဆွေးနွေးဖလှယ်မှုများ အခိုင်အမာလုပ်ဆောင်ရန်လည်း တရုတ်နိုင်ငံက အသင့်ရှိနေကြောင်း သိရသည်။တရုတ်၊ မွန်ဂိုလီးယားနှင့် ရုရှား စသည့်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ ဒုတိယသမ္မတက ပြောကြားခဲ့ကာ တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန်လည်း တိုက်တွန်းခဲ့သည်။
မွန်ဂိုလီးယား ဝန်ကြီးချုပ်ကလည်း ယခုနှစ်သည် မွန်ဂိုလီးယားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် အခါသမယ၊ မွန်ဂိုလီးယား-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အား ပြန်လည်ဆန်းစစ်သည့် နှစ် ၃၀ ပြည့်မြောက်သော အထိမ်းအမှတ် အခါသမယနှင့် နှစ်နိုင်ငံ ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်မှု ၁၀ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် အခါသမယဖြစ်ကြောင်း၊ ခေတ်သစ်ကာလ၌ နှစ်နိုင်ငံဆက်ဆံမှုများအား အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့် ဆက်လက် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နိုင်ငံနှင့် လက်တွဲအလုပ်လုပ်ရန် မွန်ဂိုလီးယားနိုင်ငံက ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မွန်ဂိုလီးယားနိုင်ငံ သမ္မတနှင့် တွေ့ဆုံရာတွင် ဟန်က တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မွန်ဂိုလီးယားနိုင်ငံနှင့် ဆက်ဆံရေးကို အိမ်နီးချင်း သံခင်းတမန်ခင်း ဆက်ဆံရေးတွင် အရေးပါသော အဆင့်၌ အစဉ်အမြဲထားရှိကြောင်း၊ နှစ်နိုင်ငံလုံး၏ အဓိကအကျိုးစီးပွားနှင့် အဓိက အလေးထားစရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း နှစ်ဖက်စလုံးက အပြန်အလှန်အားဖြင့် ခိုင်ခိုင်မာမာ ထောက်ခံအားပေးခဲ့ကြောင်း အလေးအနက်ပြောကြားခဲ့သည်။နှစ်ဖက်လုံးက တရုတ်-မွန်ဂိုလီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို လမ်းညွှန်ချက်အဖြစ် ခံယူလျက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ ဆက်လက်တိုးမြှင့်မည်ဟု မိမိအနေဖြင့် မျှော်လင့်ကြောင်း ဟန်က ဆိုသည်။
မွန်ဂိုလီးယား သမ္မတကလည်း မွန်ဂိုလီးယားနိုင်ငံက တရုတ်နိုင်ငံနှင့် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်မှုအပေါ် အလွန်အလေးထားကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို စွဲမြဲစွာစောင့်ထိန်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံပြည်သူများနှင့် ဒေသအတွက် အကျိုးဖြစ်ထွန်းစေရန် မွန်ဂိုလီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် မွန်ဂိုလီးယား လွှတ်တော်ဥက္ကဋ္ဌနှင့် ဆက်လက်တွေ့ဆုံရာတွင် မွန်ဂိုလီးယားနိုင်ငံက တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီး၍ ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးကို အဓိကဦးစားပေး နိုင်ငံခြားရေးမူဝါဒအဖြစ် ဖော်ဆောင်လျက်ရှိခြင်းအား တရုတ်နိုင်ငံက တန်ဖိုးထားကြောင်း၊ နှစ်နိုင်ငံ ဥပဒေပြုလွှတ်တော်များနှင့် နိုင်ငံရေးပါတီများအကြား အပြန်အလှန် ဆွေးနွေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေးအတွက် ထောက်ခံအားပေးကြောင်း၊ မွန်ဂိုလီးယားလွှတ်တော် State Great Hural သည် တရုတ်-မွန်ဂိုလီးယား ဆက်ဆံရေး ရေရှည်တိုးတက်ဖြစ်ထွန်းရေးနှင့် တည်ငြိမ်ရေးအတွက် အထောက်အကူပြုရာတွင် အရေးပါသော အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်နေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မွန်ဂိုလီးယား လွှတ်တော်ဥက္ကဋ္ဌကလည်း တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ချစ်ကြည်ရင်းနှီး၍ ပူးပေါင်းဆောင်ရွက်မှုရှိသည့် ဆက်ဆံရေးကို ခိုင်မာသည်ထက် ခိုင်မာစေရန် ဆက်လက်ထိန်းသိမ်းရေးသည် မွန်ဂိုလီးယားနိုင်ငံ၏ မဟာဗျူဟာမြောက် ရွေးချယ်မှုနှင့် တူညီဆန္ဒပင်ဖြစ်ကြောင်း၊ မွန်ဂိုလီးယားလွှတ်တော်နှင့် နိုင်ငံရေးပါတီအားလုံးက အပြန်အလှန် လေ့လာသင်ယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းကျယ်ပြန့်စေရန် အထောက်အကူပေးခြင်းတို့ဖြင့် တရုတ်နိုင်ငံနှင့် အပြန်အလှန် ဆွေးနွေးဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………..
(English Version)
China, Mongolia vow to deepen ties, expand cooperation
ULAN BATOR, Sept. 7 (Xinhua) — China is willing to deepen bilateral ties and expand cooperation with Mongolia, Chinese Vice President Han Zheng said here on Saturday.
During his three-day visit from Friday to Sunday, Han met separately with Mongolian Prime Minister Luvsannamsrai Oyun-Erdene, President Ukhnaa Khurelsukh and Parliament Speaker Dashzegve Amarbayasgalan.
When meeting with Oyun-Erdene, Han said China and Mongolia will continue to consolidate political trust, expand mutually beneficial cooperation and promote mutual understanding among people.
Han called for cooperation in energy, connectivity and infrastructure construction, as well as consultation and coordination in international and regional affairs between the two countries. China welcomes Mongolia’s designation of 2023-2025 as the “Years to Visit Mongolia,” and stands ready to strengthen exchanges with Mongolia’s youth, students and media.
The Chinese vice president also expressed hope for deepening cooperation among China, Mongolia and Russia, calling for the speeding up of the construction of the China-Mongolia-Russia Economic Corridor.
For his part, Oyun-Erdene said this year marks the 75th anniversary of diplomatic ties between Mongolia and China, the 30th anniversary of the revision of the Friendship and Cooperation Treaty between Mongolia and China, and the 10th anniversary of the establishment of their comprehensive strategic partnership, saying that Mongolia is willing to work with China to push forward bilateral relations in a new era in the spirit of mutual respect, peaceful coexistence and common development.
During his meeting with Khurelsukh, Han stressed that China and Mongolia are good neighbors, good friends and good partners. China has always placed its relations with Mongolia at an important position in its neighborhood diplomacy, Han said, adding that the two sides have firmly supported each other on issues concerning each other’s core interests and major concerns.
He expressed hope that the two sides will take the building of a China-Mongolia community with a shared future as the guide and push forward bilateral ties to a higher level.
Khurelsukh said Mongolia attaches great importance to developing the comprehensive strategic partnership with China, firmly adheres to the one-China policy and is willing to work with China to build a Mongolia-China community with a shared future to benefit the people of the two countries and the region.
At the meeting with Amarbayasgalan, the Chinese vice president said China appreciates that Mongolia takes developing friendly and cooperative relations with China as a key priority in its foreign policy, supports legislatures and political parties of the two countries in strengthening exchanges and cooperation, and hopes that Mongolia’s State Great Hural will continue to play an important role in promoting the steady and long-term development of China-Mongolia relations.
Amarbayasgalan said it is Mongolia’s strategic choice and consensus to maintain and strengthen friendly and cooperative relations of mutual benefit with China. The Mongolian State Great Hural and all political parties look forward to further expanding exchanges and cooperation with China, learning from each other and helping expand and deepen cooperation. Enditem
English Caption
Chinese Vice President Han Zheng meets with Mongolian Prime Minister Luvsannamsrai Oyun-Erdene in Ulan Bator, Mongolia, Sept. 7, 2024. (Xinhua/Liu Weibing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.