Connect with us

China

စစ်သည်တော်မြေရုပ်တုများ တူးဖော်တွေ့ရှိသည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပြပွဲကို တရုတ်နိုင်ငံ ရှီးအန်းမြို့၌ ကျင်းပ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ်၏မြို့တော် ရှီးအန်းရှိ ဧကရာဇ်ချင်ရှီဟွမ် ဂူဗိမာန်ပြတိုက်တွင် အထင်ကရ စစ်သည်တော်မြေရုပ်များ တူးဖော်တွေ့ရှိမှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပြပွဲ၌ လာရောက်ကြည့်ရှုသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အထင်ကရ စစ်သည်တော်မြေရုပ်တုများ တူးဖော်တွေ့ရှိခဲ့သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပြပွဲကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဆန်းရှီးပြည်နယ် မြို့တော်ရှီးအန်းရှိ ဧကရာဇ်ချင်ရှီဟွမ်၏ သူရဲကောင်းဂူဗိမာန် အထိမ်းအမှတ်ပြတိုက်၌ စက်တင်ဘာ ၈ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။
ထိုပြပွဲတွင် အမျိုးအစား ၈ မျိုး ခွဲခြားထားသည့် ယဉ်ကျေးမှုအမွေအနှစ် ၂၃၀ ကို ထုတ်ဖော်ပြသခဲ့ကာ ၎င်းတို့အနက်မှ အများအပြားသည် အများပြည်သူအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်းဖြစ်ပြီး ဘီစီ ၂၂၁ မှ ဘီစီ ၂၀၇ အထိ ကြာမြင့်သော ချင်မင်းဆက်မှ ဧကရာဇ်ချင်ရှီဟွမ်၏ ခေတ်ကာလကို ရုတ်ခြည်း ပြန်လည်မြင်ယောင်စေခဲ့သည်။
ဒေသခံတောင်သူများက ရေတွင်းတူးဖော်စဉ်အတွင်း မြေစေးရုပ် အစိတ်အပိုင်းများကို အမှတ်မထင် တူးဖော်ရရှိခဲ့ကာ မြေရုပ်တုစစ်သည်တော်များ၏ စစ်တပ်ဟု အမည်တွင်သော တရုတ်နိုင်ငံ၏ အထင်ရှားဆုံး ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီး ၁၉၈၇ ခုနှစ်၌ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
လူ၏ပကတိအရွယ်အစားရှိသော စစ်သည်တော်မြေရုပ်တု ၂,၀၀၀ ခန့်နှင့် လက်နက်အများအပြားကို ဧကရာဇ်ချင်ရှီဟွမ်၏ အုတ်ဂူအနီးဝန်းကျင်ရှိ မြေကျင်းသုံးကျင်းထဲမှ တူးဖော်တွေ့ရှိခဲ့ကာ ဧရိယာအားဖြင့် စတုရန်းမီတာ ၂၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။
နှစ်ပေါင်း ၅၀ ကြာ တူးဖော်ရှာဖွေမှုနှင့် သုတေသန လုပ်ဆောင်ခဲ့ပြီးနောက် မြေပြင်ပေါ်ရှိ အဆောက်အအုံနေရာ ၁၀ ခုကျော်နှင့် မြေအောက်ရှိ မြေမြှုပ်ကျင်းနှင့် အုတ်ဂူ ၅၀၀ ကျော်တို့အား ဂူဗိမာန်အတွင်း၌ တွေ့ရှိခဲ့ကာ အမွေအနှစ်ပစ္စည်း ၅၀,၀၀၀ ကျော်ကို တူးဖော်ရရှိခဲ့ကြောင်း သိရသည်။
ထိုပြတိုက်သည် ရှီးအန်းမြို့တွင် သဘာဝရှုခင်းများဖြင့် မျက်စိပသာဒဖြစ်စရာ အထင်ကရ နေရာတစ်နေရာအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်း အဆိုပါပြတိုက်သို့ လာရောက်ကြည့်ရှုလေ့လာသူ ၁၁ သန်းရှိခဲ့ကာ ထိုအရေအတွက်သည် ပြတိုက်စတင်ဖွင့်လှစ်ပြီးနောက်ပိုင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)


……………………..
(English Version)
Exhibition in China’s Xi’an marks 50th anniversary of Terracotta Warriors discovery
XI’AN, Sept. 8 (Xinhua) — An exhibition opened Sunday at the Emperor Qinshihuang’s Mausoleum Site Museum in Xi’an, capital of northwest China’s Shaanxi Province, to commemorate the 50th anniversary of the discovery and excavation of the iconic Terracotta Warriors.
The exhibition showcases 230 cultural relics in eight categories, many being revealed to the public for the first time, offering a glimpse into the era of Emperor Qinshihuang of the Qin Dynasty (221 BC-207 BC).
In 1974, local farmers accidentally unearthed clay fragments while digging a well, leading to one of China’s most significant archaeological discoveries — the army of Terracotta Warriors — which was added to the UNESCO World Heritage List in 1987.
Around 2,000 life-size clay warriors and numerous weapons had been unearthed from three pits surrounding Qinshihuang’s tomb, covering an area of over 20,000 square meters.
After 50 years of excavation and research, over 10 above-ground building sites and more than 500 underground burial pits and tombs have been discovered in the mausoleum. Over 50,000 pieces of relics have been unearthed.
The museum has remained an iconic scenic spot in Xi’an. It received 11 million visitors in 2023, hitting a record-high number since its opening. Enditem
English Caption
People visit an exhibition, commemorating the 50th anniversary of the discovery and excavation of the iconic Terracotta Warriors, at the Emperor Qinshihuang’s Mausoleum Site Museum in Xi’an, capital of northwest China’s Shaanxi Province, Sept. 8, 2024. (Xinhua/Li Yibo)