မြန်မာ-ENG
တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အောက်တိုဘာတွင် ၁၀.၄ ရာခိုင်နှုန်းမြင့်တက်
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
စီးပွားရေးလုပ်ဆောင်ချက်အဓိကညွှန်းကိန်းတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ယခင်လက ဂဏန်းနှစ်လုံးတိုးတက်လာကြောင်း နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်သည့် တရားဝင် အချက်အလက်များက ဖော်ပြခဲ့သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် အောက်တိုဘာလတွင် ယမန်နှစ်အလားတူကာလထက် ၁၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကီလိုဝပ်နာရီ ၈၅၇.၂ ဘီလီယံ ရှိခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ အဆိုအရ သိရသည်။
စက်မှုလုပ်ငန်းကဏ္ဍတစ်ခုလုံး၏လျှပ်စစ်ဓာတ်အားသုံစွဲမှုသည်ယမန်နှစ်ကထက် ၆.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တတိယစီးပွားရေးကဏ္ဍတွင် ၁၇.၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ နေထိုင်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စုစုပေါင်းမှာ ကီလိုဝပ်နာရီ ၁၁၅.၅ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ်ကထက် ၂၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီမှ အောက်တိုဘာအထိ တရုတ်နိုင်ငံ၏ စုစုပေါင်းလျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာမူ ၅.၁ ရာခိုင်နှုန်း မြင့်တက်လာကာ ကီလိုဝပ်နာရီ ၈.၆၂ ထရီလီယံခန့် ရှိခဲ့သည်။ (Xinhua)
…………………….
(English Version)
China’s power use up 10.4 pct in October
BEIJING, Nov. 21 (Xinhua) — China’s electricity consumption, a key barometer of economic activity, registered double-digit expansion last month, official data showed on Friday.
Power use rose 10.4 percent year on year in October to 857.2 billion kilowatt-hours, according to the National Energy Administration.
Power consumed by the overall industrial sector rose 6.4 percent year on year, while the tertiary sector saw a 17.1 percent increase. Residents’ electricity consumption totaled 115.5 billion kilowatt-hours, up 23.9 percent year on year.
From January to October, China’s total power use climbed 5.1 percent to about 8.62 trillion kilowatt-hours.
Photo : An aerial drone photo taken on Nov. 16, 2025 shows a 240-megawatt photovoltaic power generation project in Dongying City, east China’s Shandong Province. (Photo by Liu Yunjie/Xinhua)
