China
ရှီးဇန့်ဒေသ၌ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သူများအတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲပြုလုပ်
![](https://xinhuamyanmar.com/wp-content/uploads/2025/01/13u01.jpg)
လွန်ခဲ့သော သီတင်းပတ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိန့်ရစ်ခရိုင်၌ ပြင်းအား ၆.၈ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သူများအတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲကို ဇန်နဝါရီ ၁၃ ရက်၌ ပြုလုပ်ခဲ့သည်။
ငလျင်ဒဏ်ကို အဆိုးရွားဆုံး ကြုံခဲ့ရသည့် ဒေသဖြစ်သော Chamco မြို့နယ်၌ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်က ပြုလုပ်ခဲ့သည့် အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားသို့ အစိုးရတာဝန်ရှိသူများ၊ ကယ်ဆယ်ရေးလုပ်သားများ၊ ဒေသခံများ အပါအဝင် လူရာနှင့်ချီ တက်ရောက်ခဲ့သည်။ အခမ်းအနား တက်ရောက်လာသူများက ကွယ်လွန်သူများကို အောက်မေ့ဂါရဝပြုသည့်အနေဖြင့် ၎င်းတို့၏ ဦးထုပ်များကိုချွတ်ကာ သုံးမိနစ်ကြာ ငြိမ်သက်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0qh
……………………………
(English Version)
Memorial service held for victims of strong Xizang earthquake
A memorial service was held on Monday to mourn the victims of the 6.8-magnitude earthquake that struck Dingri County in southwest China’s Xizang Autonomous Region last week.
At 9:30 a.m., hundreds of people, including government officials, rescue workers and local residents, attended the event in Chamco Township, the worst-hit area. They took off their hats and stood in silence for three minutes in memory of the dead. xhtxs.cn/0qh
English Caption
An aerial drone photo taken on Jan. 11, 2025 shows a temporary resettlement site in Pucun Village of Sagya County in Xigaze City, southwest China’s Xizang Autonomous Region. (Xinhua/Li Xiang)