Eastern Europe
ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအတွက် ပဓာနကျသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား
ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများ မြင့်တက်နေခိုက် ရုရှား-တရုတ် ဆက်ဆံရေးသည် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကို ထိန်းသိမ်းရာ၌ ပဓာနကျသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့က ဇန်နဝါရီ ၁၄ ရက် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးမှာ ခေတ်သစ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တည်ငြိမ်မှုကို ထိန်းမတ်ပေးသော အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
အမေရိကန်နှင့် မြောက်အတ္တလန္တိတ် မဟာမိတ်အုပ်စု (နေတိုး) မှ ၎င်း၏မဟာမိတ်များက ကမ္ဘာတစ်ဝန်း ထိပ်တိုက်တွေ့မှုများ၊ ရန်လိုမှုများ အရှိန်မြင့်တက်အောင် လုပ်ဆောင်ရန် ကြိုးပမ်းနေကာ ဥရောပနှင့် အခြားနေရာဒေသများ၌ ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ဖန်တီးနေသည်ဟု လက်ဗ်ရော့က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Russia-China partnership key to global stability: Lavrov
The relationship between Russia and China is essential to maintaining global stability at a time of rising tensions around the world, Russian Foreign Minister Sergei Lavrov said Tuesday in his annual press conference.
He noted that the Russia-China partnership is one of the main stabilizing factors in modern international relations.
Lavrov said Washington and its allies from the North Atlantic Alliance are attempting to heighten global confrontations and hostilities, sowing discord and creating divisions across Europe and elsewhere.
English Caption
Russian Foreign Minister Sergei Lavrov speaks during his annual press conference in Moscow, Russia, on Jan. 14, 2025. (Xinhua/Bai Xueqi)