Myanmar
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဘိန်းဖြူ ၅.၉၄ ကီလိုဂရမ် ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၅.၉၄ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၇ ရက်က မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် မော်တော်ယာဉ်တစ်စီးကို သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆေးမှုအတွင်း သံသယရှိသူ လေးဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၌လည်း ဖမ်းဆီးထားသူများအနက် တစ်ဦး၏ နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာ ဖန်စီဒိုင်း (phensedyl) ၁၀၀ မီလီလီတာစီပါဝင်သော ပုလင်း ၁၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းအရ သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို မြန်မာ-အိန္ဒိယနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမှုများနှင့် စပ်လျဉ်း၍ နောက်ထပ် သံသယရှိသူ ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးမိခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
အဆိုပါ သံသယရှိသူများကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Nearly 6 kg of heroin seized in central Myanmar
YANGON, Jan. 16 (Xinhua) — Myanmar authorities have seized 5.94 kg of heroin in Mandalay region of central Myanmar, the state-run daily The Mirror reported on Thursday.
Acting on a tip-off, anti-narcotics police searched a vehicle in Mandalay’s Mahaaungmyay township on Jan. 7 and confiscated the heroin. Four suspects were arrested at the scene, the report said.
Later that evening, a search was conducted at the house of one of the arrested suspects in Chanayethazan township, and 30 bottles of 100-milliliter phensedyl were seized, the report said.
Investigations revealed that the narcotics were destined for the Myanmar-India border, the report added. Additional three suspects connected to the cases were also arrested, it said.
The suspects have been charged under the country’s law, and a further investigation is ongoing, the report added.