China
ချိုမိုလန်းမားတောင်သို့ လာရောက်သည့် ပြည်ပခရီးသွားဦးရေ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆမြင့်တက်
တရုတ်နိုင်ငံဘက်ခြမ်း၊ ချိုမိုလန်းမားတောင် (ဧဝရက်တောင်) သို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဦးရေမှာ ၂၀၂၄ ခုနှစ်အတွင်း ၁၃,၇၆၄ ဦး ရှိခဲ့ကာ ၂၀၂၃ ခုနှစ်က မှတ်တမ်းတင်ထားသည့် အရေအတွက်ထက် နှစ်ဆကျော်ရှိခဲ့ရာ ယင်းသည် တရုတ်နိုင်ငံအနေဖြင့် ဗီဇာမူဝါဒ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတကာခရီးသွားကဏ္ဍ တစ်ဟုန်ထိုး တိုးတက်လာသည့် သိသာထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်သည်။
ကမ္ဘာ့အမြင့်ဆုံးဖြစ်သော ယင်းတောင်ထိပ်၏ မြောက်ဘက်အခြေစိုက်စခန်း တည်ရှိရာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Tingri ခရိုင်ရှိ ယဥ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဗျူရို၏ အဆိုအရ ယင်းသို့လာရောက်သည့် ခရီးသွားအများစုမှာ စင်ကာပူ၊ မလေးရှား၊ ဂျာမနီ၊ ပြင်သစ် စသည့် နိုင်ငံများမှဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………………………………………..
(English Version)
Mount Qomolangma’s foreign tourist number doubles in 2024
The Chinese side of Mount Qomolangma received 13,764 foreign tourists in 2024 — more than twice the number recorded in 2023 — a notable sign of booming international tourism following China’s relaxation of its visa policies.
According to the bureau of culture and tourism of Tingri County, southwest China’s Xizang Autonomous Region, where the northern base camp of the world’s highest peak is located, these tourists are mainly from countries such as Singapore, Malaysia, Germany and France.
English Caption
This photo taken on Sept. 4, 2024 from the Mount Qomolangma base camp in Tingri County of Xigaze City in southwest China’s Xizang Autonomous Region shows a view of Mount Qomolangma. (Xinhua/Sun Ruibo)