Connect with us

International Organizations

WHO အနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ရာ၌ တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြော

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ (WHO) ၏ အခန်းကဏ္ဍအား အားလျော့အောင် လုပ်ဆောင်ခြင်းမပြုဘဲ ပိုမိုအားကောင်းအောင် လုပ်ဆောင်သင့်ကြောင်း၊ WHO အနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ရာ၌ တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၂၁ ရက်၌ ပြောကြားခဲ့သည်။
WHO မှ အမေရိကန်နိုင်ငံ နုတ်ထွက်သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ကြေညာချက်နှင့် စပ်လျဉ်း၍ မေးမြန်းရာ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
WHO အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး နယ်ပယ်၌ ယုံကြည်အားထားရသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ စီမံအုပ်ချုပ်မှုအတွက် ပေါင်းစပ်ညှိနှိုင်းရာ၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ယင်း၏ အခန်းကဏ္ဍအား ဆုတ်ယုတ်အောင် လုပ်ဆောင်ခြင်းမပြုဘဲ ပိုမိုအားကောင်းအောင်သာ လုပ်ဆောင်သင့်ကြောင်း ကောက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0D2
…………………..
(English Version)
China to continue supporting WHO in fulfilling its duties: FM spokesperson
A Chinese foreign ministry spokesperson said on Tuesday that the role of the World Health Organization (WHO) should be strengthened, not weakened, and that China will continue to support WHO in fulfilling its duties.
Spokesperson Guo Jiakun made the remarks in response to a query regarding U.S. President Donald Trump’s executive order on Monday to withdraw the United States from WHO.
Guo said that, as an authoritative international organization in the field of global public health, WHO plays a central coordinating role in global health governance, and its role should be strengthened, not weakened. xhtxs.cn/0D2