Latin America
ကျူးဘားအပေါ် ပိတ်ဆို့မှုများကို ချက်ချင်းရုပ်သိမ်းပေးရန် တရုတ်နိုင်ငံက အမေရိကန်အား တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြော
အမေရိကန်အနေဖြင့် လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စသည့် အကြောင်းပြချက်များဖြင့် ကျူးဘား၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း၊ ကျူးဘားအပေါ် ပိတ်ဆို့မှုများကိုလည်း ချက်ချင်းရုပ်သိမ်းပေးရန် အမေရိကန်အား ထပ်မံတိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇန်နဝါရီ ၂၁ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စတင်တာဝန်ယူပြီး နာရီပိုင်းအကြာတွင် ကျူးဘားအား အကြမ်းဖက်မှု ထောက်ခံအားပေးသော နိုင်ငံများစာရင်း၌ ပြန်လည်ထည့်သွင်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ၎င်း၏ထင်မြင်ချက်အား မေးမြန်းစဉ်အတွင်း ကောက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုအတွင်း အမေရိကန်ရဲ့ ကျူးဘားအပေါ် လုံးလုံးလျားလျား ပိတ်ဆို့မှုဟာ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံစံနှုန်းတွေကို အပြင်းအထန် ချိုးဖောက်နေသလို ကျူးဘားနိုင်ငံရဲ့ စီးပွားရေးနဲ့ ကျူးဘားပြည်သူတွေရဲ့ ရှင်သန်ရပ်တည်မှုကို အကြီးအကျယ် ထိခိုက်စေပါတယ်” ဟု ကောက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0ER
……………………..
(English Version)
China urges U.S. to lift its blockade against Cuba at once: FM spokesperson
China opposes the U.S. interfering in Cuba’s internal affairs in the name of freedom, democracy and counterterrorism, and once again urges the U.S. to lift its blockade against Cuba at once: Chinese foreign ministry spokesperson Guo Jiakun said Tuesday.
The spokesperson made the remarks at a daily press briefing when asked to comment on U.S. President Donald Trump returning Cuba to the list of countries sponsoring terrorism just hours after taking office.
“The U.S.’s full blockade on Cuba over the past six decades or so seriously violates international law and basic norms governing international relations, and has wreaked havoc on Cuba’s economy and people’s livelihood,” Guo said. xhtxs.cn/0ER