မြန်မာ-ENG
PLA က ထိုင်ဝမ်ကျွန်း မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် ကျည်အစစ်အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်
နန်ကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီးသည် ထိုင်ဝမ်ကျွန်း မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ ဝေဟင်နှင့် ရေပြင်တို့တွင် ဒီဇင်ဘာ ၂၉ ရက်က ကျည်အစစ်အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်လျက်ရှိကြောင်း ယင်းစစ်ဒေသကြီး၏ ပြောကြားချက်အရ သိရသည်။
တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုများနှင့် ဟန်ချက်ညီညီချိန်ညှိကာ ဖျက်သင်္ဘောများ၊ ဖရီးဂိတ်စစ်သင်္ဘောများ၊ ဂျက်တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များအား ဖြန့်ကြက်ထားကြောင်း အဆိုပါစစ်ဒေသကြီးက ပြောကြားခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုတွင် ရေပြင်နှင့် ဝေဟင်ရှိ ပစ်မှတ်များကို ခြေရာခံရှာဖွေကာ ချေမှုန်းခြင်း၊ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်သည့်အသွင် သဏ္ဌာန်တူလေ့ကျင့်မှုများပြုလုပ်ခြင်း၊ ရေပြင်ရှိ ပစ်မှတ်များကို ကျည်အစစ်အသုံးပြု၍ ပစ်ခတ်ခြင်း စသည့် လေ့ကျင့်မှုများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၏ တစ်စုတစ်စည်းတည်း ပေါင်းစပ်ညှိနှိုင်းမှုစွမ်းရည်များနှင့် အလုံးစုံစိုးမိုးထိန်းချုပ်နိုင်စွမ်းတို့ကို စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း PLA အရှေ့ပိုင်းစစ်ဒေသကြီးက ပြောကြားခဲ့သည်။ (Xinhua)
……………..
(English Version)
PLA conducts live-fire training in areas north, southwest of Taiwan Island
NANJING, Dec. 29 (Xinhua) — The Chinese People’s Liberation Army (PLA) Eastern Theater Command is conducting live-fire training in the waters and airspace to the north and southwest of the Taiwan Island on Monday, according to the theater command.
Destroyers, frigates, fighters, bombers and unmanned aerial vehicles are being employed in coordination with long-range rocket fires, it said.
The training focuses on subjects of hunting and neutralizing targets in waters and airspace, simulated strikes on ground targets, and live firing against targets in waters. The drills intend to test the troops’ capabilities of integrated coordination and seizure of dominance, the theater command said.
English Caption
This photo shows a sketch map released by the Eastern Theater Command of the Chinese People’s Liberation Army (PLA) to indicate the areas involved in joint exercises conducted around Taiwan Island. (Xinhua)
