Connect with us

China

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် တည်ငြိမ်သော စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ရန် ဆန္ဒရှိဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

အပြန်အလှန်လေးစားမှုရှိရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများအပေါ် အခြေခံလျက် တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
“သွင်းကုန်စည်းကြပ်ခွန် အစီအမံတွေက တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ အတွက်တင်မကဘဲ တခြား ကမ္ဘာ့နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားကိုပါ အထောက်အကူ မဖြစ်စေနိုင်ပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် He Yadong က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထရမ့်အစိုးရက တရုတ်သွင်းကုန်များအပေါ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ဖွယ်ရှိခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ၌ ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0He
………………….
(English Version)
China willing to promote stable economic relations with U.S.: commerce ministry
China is willing to work with the United States to promote stable, healthy and sustainable economic and trade relations, based on the principles of mutual respect, peaceful coexistence, and win-win cooperation, the Ministry of Commerce said on Thursday.
“Tariff measures are not conducive to the interests of either China or the United States, nor to the rest of the world,” said He Yadong, the spokesperson for the ministry, during a regular press conference. He made the remarks in response to a question about the possible 10 percent tariff increase imposed by the Trump administration on Chinese imports starting Feb. 1.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.