Connect with us

China

တရုတ်နိုင်ငံ ဟောင်ကောင်တွင် တရုတ်နှစ်ကူး စီတန်းလှည့်လည်ပွဲ ကျင်းပ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ ကျင်းပသော နိုင်ငံတကာ တရုတ်နှစ်သစ်ကူးည စီတန်းလှည့်လည်ပွဲတွင် တရုတ်ရိုးရာ ခြင်္သေ့အက ကပြဖျော်ဖြေကြသူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်းမှလာရောက်ကြသော အလှပြယာဉ် ၉ စီးနှင့် ဖျော်ဖြေရေးအဖွဲ့သည် တရုတ်နိုင်ငံ ဟောင်ကောင်တွင် ဇန်နဝါရီ ၂၉ ရက်ညပိုင်းက နိုင်ငံတကာစီတန်းလှည့်လည်ပွဲ ကျင်းပ၍ တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အဆိုပါလှည့်လည်ပွဲကို “ကံကောင်းသောနှစ်” ဟူသော ခေါင်းစဉ်ဖြင့် ဟောင်ကောင်ခရီးသွားဖွံ့ဖြိုးရေးအဖွဲ့က ကြီးမှူးကျင်းပခြင်း ဖြစ်သည်။ ဟောင်ကောင်၏ တရုတ်နှစ်ကူး နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်လက္ခဏာအစီအစဉ်ဖြစ် ယင်းစီတန်းလှည့်လည်ပွဲသည် မြို့တစ်လွှား ရာသီပွဲတော် အစီအစဉ်များကို စတင်ခဲ့ပေသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ ကျင်းပသော နိုင်ငံတကာ တရုတ်နှစ်သစ်ကူးည စီတန်းလှည့်လည်ပွဲတွင် Hong Kong Disneyland ဖျော်ဖြေရေးယာဉ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ ကျင်းပသော နိုင်ငံတကာ တရုတ်နှစ်သစ်ကူးည စီတန်းလှည့်လည်ပွဲတွင် တရုတ်နိုင်ငံကန်းစုပြည်နယ် အကဖျော်ဖြေရေးအဖွဲ့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


…………………………..
(English Version)
Asia Album: Hong Kong holds parade to celebrate Chinese New Year
HONG KONG, Jan. 30 (Xinhua) — An international parade featuring nine spectacular floats and performing groups from around the world was held in Hong Kong on Wednesday night to celebrate the Chinese New Year.
The parade, with the theme Unfold a Year of Good Fortune, was organized by the Hong Kong Tourism Board. As the signature annual event on the first day of the Chinese New Year in Hong Kong, the parade kicked off a host of seasonal events across the city.
1. Dancers perform a traditional Chinese lion dance at an international Chinese New Year night parade on Jan. 29, 2025 in Hong Kong, South China. (Xinhua/Chen Duo)
2. A float from the Hong Kong Disneyland is seen at an international Chinese New Year night parade on Jan. 29, 2025 in Hong Kong, South China. (Xinhua/Chen Duo)
3. Dancers of China’s Gansu Dance Troupe perform at an international Chinese New Year night parade on Jan. 29, 2025 in Hong Kong, South China. (Xinhua/Chen Duo)