Connect with us

Politics, Law & Military

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် အိုက်စ် ၆၀ ကီလိုဂရမ် ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် အိုက်စ် (မက်သ်အဖက်တမင်း) များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၆၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မော်တော်ယာဉ်တစ်စီးကို သတင်းအရရှာဖွေခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဒေသကာလတန်ဖိုး ကျပ် သန်း ၄၈၀ တန်ဖိုးရှိကြောင်း၊ ယင်းအမှုနှင့် ဆက်စပ်၍ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။

ထိုမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိရသည်။

ပြစ်မှုကျူးလွန်သူအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
60 kg of ICE seized in eastern Myanmar
YANGON, Jan. 4 (Xinhua) — Myanmar authorities have seized 60 kg of ICE (methamphetamine) in eastern Myanmar’s Shan state, the state-run daily The Mirror reported on Saturday.
Acting on a tip-off, anti-narcotics police searched a vehicle in Kengtung township in eastern Shan state on Dec. 30, 2024 and confiscated the narcotics, the report said.
The seized narcotics are worth 480 million kyats (about 228,571 U.S. dollars), and a suspect has been arrested in connection with the case, it said.
Investigations showed that the drugs were being transported from Mong Ping township to Tachileik township in Shan state, it said.
The suspect has been charged under the country’s law, and further investigations are ongoing, it added.