Connect with us

China

လွန်ခဲ့သောနှစ်အတွင်း တရုတ်-အမေရိကန် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု၌ တိုးတက်မှုများရရှိခဲ့

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ တရုတ်အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မတီ ညွှန်ကြားရေးမှူး ဝမ်ရှောင်ဟုန်နှင့် အိမ်ဖြူတော် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရေးရာရုံး ညွှန်ကြားရေးမှူး ရာဟူး ဂူ(ပ်)တာတို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးနေပုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ တရုတ်အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မတီ ညွှန်ကြားရေးမှူး ဝမ်ရှောင်ဟုန်သည် အိမ်ဖြူတော် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရေးရာရုံး ညွှန်ကြားရေးမှူး ရာဟူး ဂူ(ပ်)တာနှင့် ဇန်နဝါရီ ၇ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုကြောင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများမှာ လွန်ခဲ့သောနှစ်အတွင်း အပြုသဘောဆောင်သည့် တိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဝမ်က ပြောကြားခဲ့သည်။
ထို့အတူ နှစ်နိုင်ငံအနေဖြင့် ပြည်သူများ၏ မျှော်လင့်ချက်များကို ပိုမိုထိရောက်ကောင်းမွန်စွာ တုံ့ပြန်ရန်၊ အင်အားကြီးနိုင်ငံများ၏ တာဝန်ယူမှုကို လက်တွေ့ပြသရန်အတွက် မှန်ကန်သော မဟာဗျူဟာရေးရာ သဘောထားကို ကိုင်စွဲကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ သာတူညီမျှဆက်ဆံပြီး တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာ၌ တည်ငြိမ်သော ရေရှည်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သင့်ကြောင်းလည်း ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0iK
……………………..
(English Version)
Progress made in China-U.S. drug control cooperation over past year
Chinese State Councilor and Director of the China National Narcotic Control Committee Wang Xiaohong spoke with Rahul Gupta, director of the White House Office of National Drug Control Policy, via video link on Tuesday.
Wang said under the strategic guidance of the two heads of state, China-U.S. cooperation on drug control has made positive progress over the past year.
Wang added that the two sides should adhere to the correct strategic perception, treat each other as equals, engage in dialogue and cooperation, and promote steady and long-term cooperation in drug control and law enforcement, to better respond to the expectations of the people and demonstrate the responsibility as major countries. xhtxs.cn/0iK
English Caption
Chinese State Councilor and Director of the China National Narcotic Control Committee Wang Xiaohong speaks with Rahul Gupta, director of the White House Office of National Drug Control Policy, via video link on Jan. 7, 2025. (Xinhua/Wang Ye)