China
တရုတ်နိုင်ငံအနေဖြင့် စိမ်းလန်း၍ ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်မည်ဟု ဗဟိုဘဏ်တာဝန်ရှိသူ ပြောကြား
ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် သာယာလှပသောနိုင်ငံ တည်ဆောက်ရေးအတွက် အစဥ်တစိုက် လုပ်ဆောင်နေစဥ် နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအနေဖြင့်လည်း စိမ်းလန်း၍ ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးရာ၌ အစိမ်းရောင် ဘဏ္ဍာရေးကဏ္ဍ တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။
ထိုသို့လုပ်ဆောင်ရာ၌ ဘဏ္ဍာရေးကဏ္ဍအနေဖြင့် သဘာဝပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူးများ ရရှိစေရေး၊ စက်မှုလုပ်ငန်း အသွင်ပြောင်းလဲရေးနှင့် အဆင်မြှင့်တင်ရေးတို့ကို ဖော်ဆောင်ရာတွင် အစိမ်းရောင် ဘဏ္ဍာရေးကဏ္ဍ ထိရောက်မှုရှိရေးအတွက် အာရုံစိုက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သည့် တရုတ်ပြည်သူ့ဘဏ် (PBOC) ဒုတိယဥက္ကဋ္ဌဖြစ်သူ ကျူးဟော့ရှင်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ #XinhuaNews
………………………
(English Version)
China to increase finance support for green, low-carbon development: central bank official
China’s financial sector will promote the steady growth of green finance in support of green and low-carbon development, as the world’s second-largest economy presses ahead with building a beautiful China, a central bank official said at a conference on Wednesday.
Zhu Hexin, deputy governor of the People’s Bank of China (PBOC), China’s central bank, said that while doing this, the financial sector must focus on the effectiveness of green finance in generating environmental benefits and promoting industrial transformation and upgrading. #XinhuaNews
English Caption
An aerial photo taken on Aug. 3, 2023 shows a wind farm in Dabancheng, also known as “China’s Wind Valley,” in northwest China’s Xinjiang Uygur Autonomous Region. (Xinhua/Hao Zhao)