China
၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲ လက်ခံကျင်းပနေသော ဟားအယ်ပင်းမြို့
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11r01.jpg)
ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲကို ဟားအယ်ပင်းမြို့တွင် ကျင်းပနေပြီဖြစ်သည်။
တရုတ်နိုင်ငံ၏ မြောက်ဘက်စွန်းပြည်နယ် မြို့တော်ဖြစ်သော ဟားအယ်ပင်းသည် ပုံမှန်အားဖြင့် အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်အောက်ရှိသည့် ရှည်လျား၍ အေးမြသောဆောင်းရာသီများကို တွေ့ကြုံခံစားရလျက်ရှိသည်။ ထိုသို့သော ပတ်ဝန်းကျင်အခြေအနေက ရေခဲနှင့် ဆီးနှင်းများအဖြစ် တစ်မူထူးခြားသည့် ယဉ်ကျေးမှုနယ်နိမိတ်ပုံစံနှင့် ကြွယ်ဝသော ဆောင်းရာသီအားကစား သမိုင်းကြောင်းကို အားပေးပျိုးထောင်ပေးလျက်ရှိသည်။ ဟားအယ်ပင်းမြို့သည် ၁၉၉၆ ခုနှစ်က တတိယအကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် ၂၄ ကြိမ်မြောက် ဆောင်းရာသီ တက္ကသိုလ်အားကစားပွဲကိုလည်းကောင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ဟားအယ်ပင်းမြို့သို့ ခရီးသွားဧည့်သည် ၁၇၉ သန်း ဝင်ရောက်ခဲ့သည်။ ယင်းမြို့၏ ကြွယ်ဝသော ရေခဲနှင့် ဆီးနှင်း အရင်းအမြစ်များက ၎င်းကို ကမ္ဘာလုံးဆိုင်ရာ ခရီးသွားနေရာအဖြစ် တိုးတက်လာစေရန် အားဖြည့်ပေးခဲ့သည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11r02.jpg)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ နေမင်းကျွန်း နိုင်ငံတကာ ဆီးနှင်းပန်းပုအနုပညာပြပွဲဥယျာဉ်တွင် ၂၇ ကြိမ်မြောက် နိုင်ငံတကာ ဆီးနှင်းပန်းပုပြိုင်ပွဲအတွင်း ဆီးနှင်းပန်းပုထုနေသည့် ပြိုင်ပွဲဝင်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
Harbin, host city of 9th Asian Winter Games
The 9th Asian Winter Games is currently underway in Harbin.
As China’s northernmost provincial capital, Harbin experiences long, cold winters, with temperature regularly below -20°C. The environment has nurtured a unique culture bound to ice and snow, as well as a rich history in winter sports. Harbin previously hosted the 3rd Asian Winter Games in 1996 and the 24th Winter Universiade in 2009.
In 2024, Harbin saw 179 million tourists. The city’s rich ice and snow resources powered for its development as a global destination for tourism.
Photo 1: Children have fun on the ice at Zhaolin Park in Harbin, northeast China’s Heilongjiang Province, Jan. 10, 2025. (Xinhua/Li Ming)
Photo 2: An aerial drone photo taken on Jan. 6, 2025 shows contestants working on snow sculptures during the 27th Harbin International Snow Sculpture Competition at the Sun Island International Snow Sculpture Art Expo park in Harbin, northeast China’s Heilongjiang Province. (Xinhua/Xie Jianfei)