Connect with us

North America

အမေရိကန်၏ စည်းကြပ်ခွန် စစ်ပွဲက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနိုင်မည် မဟုတ်ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပြုလုပ်သော အမေရိကန်နိုင်ငံရှိ တရုတ် အထွေထွေကုန်သည်ကြီးများအသင်း (CGCC) နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနား၌ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှဲ့ဖုန်း မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
စည်းကြပ်ခွန်စစ်ပွဲ သို့မဟုတ် ကုန်သွယ်ရေးစစ်ပွဲက တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်မည် မဟုတ်သကဲ့သို့ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဟန့်တားနိုင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှဲ့ဖုန်းက ပြောကြားခဲ့သည်။
နယူးယောက်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်၌ ကျင်းပသော အမေရိကန်နိုင်ငံရှိ တရုတ် အထွေထွေကုန်သည်ကြီးများအသင်း (CGCC) နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အရေးကြီးမိန့်ခွန်း၌ ရှဲ့က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“စည်းကြပ်ခွန်စစ်ပွဲ ဒါမှမဟုတ် ကုန်သွယ်ရေးစစ်ပွဲက ပြဿနာတွေကို မပြေလည်စေတဲ့အပြင် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
“စည်းကြပ်ခွန် ခြိမ်းခြောက်မှုတွေက တရုတ်ပြည်သူတွေအပေါ် ဘယ်တော့မှ ထိရောက်မှာမဟုတ်တဲ့အပြင် တရုတ်-အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို ထိခိုက်စေသလို အမေရိကန် အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ် မြင့်တက်စေရုံသာ ရှိပါလိမ့်မယ်။ အဆုံးသတ်မှာတော့ ဘယ်သူကမှ အောင်နိုင်သူ ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ရှဲ့က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/098


……………………..
(English Version)
U.S. tariff war cannot hold back China’s development, says Chinese ambassador
NEW YORK, Feb. 13 (Xinhua) — A tariff war or trade war cannot resolve issues in China-U.S. relations, nor can it hinder China’s development, Chinese Ambassador to the United States Xie Feng has said.
Xie made the remarks in his keynote speech at the China General Chamber of Commerce-USA (CGCC) 20th Anniversary Gala in New York City on Tuesday.
“Tariff war or trade war cannot solve problems, still less can it hold back China’s development,” he said.
“Tariff threats would never work on the Chinese people. Instead, they would only undermine the foundation for China-U.S. counternarcotics and economic cooperation, and raise costs for American households and businesses. In the end, no one would be a winner,” said Xie. xhtxs.cn/098
English Caption
Chinese Ambassador to the United States Xie Feng speaks during the 20th anniversary gala of the China General Chamber of Commerce-USA (CGCC) in New York City, the United States, on Feb. 11, 2025. (Xinhua/Li Rui)