Connect with us

Africa & Middle East

အမေရိကန်၏ အကူအညီ ရပ်ဆိုင်းခြင်းက အာဖရိကအတွက် သတိပေးအချက်ပြမှုဖြစ်ဟု ဇမ်ဘီယာသမ္မတ ပြောကြား

ဇမ်ဘီယာနိုင်ငံ လူဆာကာမြို့၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် ချီတက်ပွဲတွင် ပါဝင်သူများအား ၂၀၂၄ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လူဆာကာ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန် အစိုးရက စီမံကိန်း အမျိုးမျိုးအတွက် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းက အာဖရိကနိုင်ငံများအတွက် သတိပေးအချက်ပြမှုပင်ဖြစ်ကာ အာဖရိကနိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းဖြင့် စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ရန် စေ့ဆော်လျက်ရှိကြောင်း ဇမ်ဘီယာနိုင်ငံ သမ္မတ ဟာကာအင်ဒီ ဟီချီလမ်မာက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည့် အဆိုပါ လုပ်ဆောင်ချက်က အာဖရိကနိုင်ငံများ၏ သယံဇာတ အရင်းအမြစ်များကို ချင့်ချင့်ချိန်ချိန် စီမံခန့်ခွဲရေးအတွက်လည်း နှိုးဆော်တိုက်တွန်းလျက်ရှိကြောင်း ဟီချီလမ်မာက ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာန Zambia Daily Mail က ကိုးကားဖော်ပြခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1hZ

ဇမ်ဘီယာနိုင်ငံ လူဆာကာမြို့၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် ချီတက်ပွဲအတွင်း အကဖြင့် ဖျော်ဖြေနေသူများအား ၂၀၂၄ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(English Version)
LUSAKA, Feb. 19 (Xinhua) — The suspension of funding for various projects by the U.S. government serves as a wakeup call for African countries, prompting them to grow their economies by enhancing bilateral trade and investment among themselves, Zambian President Hakainde Hichilema has said.
The move announced by U.S. President Donald Trump also calls for prudent management of resources by African countries, state media the Zambia Daily Mail quoted Hichilema as saying on Monday. xhtxs.cn/1hZ
English Caption 1
People participate in the International Labor Day parade in Lusaka, Zambia, May 1, 2024. (Xinhua/Peng Lijun)
English Caption 2
Artists dance during the International Labor Day parade in Lusaka, Zambia, May 1, 2024. (Xinhua/Peng Lijun)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.