Latin America
တရုတ်-ကာရစ်ဘီယံ ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ ဘုံသာယာဝပြောမှုတို့ကို အထောက်အကူပြုလျက်ရှိဟု ကာရစ်ဘီယံနိုင်ငံများ၏ တာဝန်ရှိသူများ ဆို

ဘရစ်ဂျ်တောင်း၊ ဘာဘေဒိုးစ် ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ကာရစ်ဘီယံဒေသ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ ဘုံသာယာဝပြောမှုတို့ကို အထောက်အကူပြုလျက်ရှိကြောင်း ကာရစ်ဘီယံဒေသ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“ဘာဘေဒိုးစ်နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး ရေရှည်တည်တံ့မှု၊ မိမိဘာသာဖူလုံမှု၊ ကြံ့ကြံ့ခံနိုင်မှုရှိစေဖို့ အခိုင်အမာလုပ်ဆောင်ရာမှာ တရုတ်နိုင်ငံဟာ ကျွန်တော်တို့ကို အားဖြည့်ပံ့ပိုးပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်” ဟု ကာရစ်ဘီယံ အသိုက်အဝန်း (CARICOM) ၏ အစိုးရခေါင်းဆောင်များ ဆွေးနွေးပွဲ၊ ၄၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြင်ပ၌ ဘာဘေဒိုးစ် ကာကွယ်ရေးတပ်၏ စစ်ဦးစီးချုပ်ဖြစ်သူ ကားလို့စ် လိုဗယ်လ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုက စားနပ်ရိက္ခာဖူလုံမှု ရှုထောင့်မှ ရေရှည်ခိုင်မာမှုရှိရေးကို မြှင့်တင်ရာ၌ လက်လှမ်းမီသော နည်းပညာများအား အသုံးချနိုင်မည့် အခွင့်အလမ်းကိုလည်း ဖန်တီးပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဘဟားမားစ် ဝန်ကြီးချုပ်ရုံး၏ ပြင်ပဆက်ဆံရေးဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ လက်ထရေး ရာမင်ကလည်း CARICOM နှင့် တရုတ်နိုင်ငံတို့အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး စသော နယ်ပယ်အသီးသီးတွင် နှစ်ပေါင်းများစွာတိုင်အောင် ခိုင်မာသော ဆက်ဆံရေးရှိခဲ့ကြောင်း အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1oz

ဘာဘေဒိုးစ်နိုင်ငံ၏မြို့တော် ဘရစ်ဂျ်တောင်း၌ ကျင်းပသည့် ကာရစ်ဘီယံ အသိုက်အဝန်း (CARICOM) ၏ အစိုးရခေါင်းဆောင်များ ဆွေးနွေးပွဲ၊ ၄၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖွင့်ပွဲ၌ ဂရီနာဒါနိုင်ငံ ဝန်ကြီးချုပ် ဒစ်ကန် မစ်ချယ်လ် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
China-Caribbean cooperation bolsters regional development, common prosperity, says Caribbean officials
BRIDGETOWN, Barbados, Feb. 24 (Xinhua) — Cooperation between China and Caribbean countries has contributed to the development and common prosperity of the region, Caribbean officials have said.
“China has played a role in empowering us to strengthen sustainable, self-sufficient, and resilient regional food security and farming in Barbados,” Chief of Staff of the Barbados Defence Force Carlos Lovell told Xinhua on the sidelines of the 48th Regular Meeting of the Conference of Heads of Government of the Caribbean Community (CARICOM).
China’s contribution, he said, has also offered the region a chance “to take advantage of available technology to enhance sustainability from a food security perspective.”
Latrae Rahming, director of Communications at the Office of the Prime Minister of the Bahamas, stressed that CARICOM and China have had a robust relationship for years in various areas such as education, health and infrastructure building. xhtxs.cn/1oz
English Caption 1
This photo taken on June 1, 2023 shows the construction site of the China-Aid Centre for Food Security and Entrepreneurship Project in the parish of St. Thomas, Barbados. (Xinhua/Xin Yuewei)
English Caption 2
Grenadian Prime Minister Dickon Mitchell delivers a speech at the opening ceremony of the 48th Regular Meeting of the Conference of Heads of Government of the Caribbean Community (CARICOM), held in Bridgetown, capital of Barbados, on Feb. 19, 2025. (Xinhua/Jiang Biao)