Connect with us

Africa & Middle East

အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေဟု ပါလက်စတိုင်း အာဏာပိုင်များ စွပ်စွဲ

အနောက်ဘက်ကမ်းဒေသ ဂျီနင်မြို့၌ အစ္စရေးက စစ်ဆင်ရေးလုပ်ဆောင်စဉ်အတွင်း အစ္စရေး စစ်ဘက်သုံးယာဉ်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးအနေဖြင့် အနောက်ဘက်ကမ်းဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု ပါလက်စတိုင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၃ ရက်၌ စွပ်စွဲပြောဆိုခဲ့သည်။
“အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးရဲ့ ကျူးကျော်ရန်စတဲ့ မူဝါဒတွေကြောင့် ပြည်သူ ၂၉ ဦး သေဆုံးပြီး ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ ရာနဲ့ချီရှိနေသလို ဂျီနင်နဲ့ တာလ်ခမ်းမြို့က ယာယီခိုလှုံရေးစခန်းတွေမှာ လူနေအဆောက်အအုံ အလုံးစုံပျက်စီးဆုံးရှုံးမှုတွေ၊ လူထောင်နဲ့ချီ နေရပ်စွန့်ခွာရမှုတွေနဲ့ အခြေခံအဆောက်အအုံ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်” ဟု ပါလက်စတိုင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နာဘီလ် အဘူ ရူဒီနေးက ပြောကြားခဲ့ကြောင်း အစိုးရသတင်းဌာန WAFA က သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန် အစိုးရအနေဖြင့် ထိန်းမနိုင်သိမ်းမရ အခြေအနေဆီသို့ ဦးတည်စေနိုင်သော ပါလက်စတိုင်း လူထုနှင့် ပါလက်စတိုင်းနယ်မြေအား အစ္စရေးက ဆက်လက်ကျူးကျော်နေမှုကို ရပ်တန့်ရေးအတွက် အမြန်ဆုံးကြားဝင်ပေးရန်လည်း အဘူ ရူဒီနေးက တိုက်တွန်းခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0Tz

အနောက်ဘက်ကမ်းဒေသ ဂျီနင်မြို့၌ နေရပ်စွန့်ခွာလာသော ပါလက်စတိုင်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………………………………
(English Version)
Palestinian presidency accuses Israel of “ethnic cleansing” in West Bank
The Palestinian presidency on Monday accused Israel of “ethnic cleansing” in the West Bank.
“The Israeli aggressive policies in the West Bank have led to the killing of 29 citizens, with hundreds wounded and arrested, in addition to the destruction of entire residential blocks in the Jenin and Tulkarm camps, the displacement of thousands, and the massive destruction of infrastructure,” Nabil Abu Rudeineh, spokesperson for the Palestinian presidency, said in a press statement released by the official news agency WAFA.
Abu Rudeineh called on the U.S. administration to intervene immediately “to stop the ongoing Israeli aggression against Palestinian people and land, which will lead to an explosion of the situation.” xhtxs.cn/0Tz
English Caption 1
Israeli military vehicles are seen during an Israeli military operation in the West Bank city of Jenin, on Jan. 22, 2025. (Photo by Nidal Eshtayeh/Xinhua)
English Caption 2
Displaced Palestinians are pictured in the West Bank city of Jenin on Jan. 23, 2025. (Photo by Ayman Nobani/Xinhua)