International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— တရုတ်အိုလံပစ်ချန်ပီယံများက အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအတွက် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူ
ဖေဖော်ဝါရီ ၃ ရက်က တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့၌ ပြုလုပ်သည့် ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအတွက် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူရာ၌ Sheng Lihao ၊ Wu Dajing နှင့် Sui Wenjing စသည့် တရုတ်အိုလံပစ်ချန်ပီယံများ ပါဝင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့က အားကစားပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုအပေါ် ချီးကျူးပြောဆိုခဲ့ကာ ပြိုင်ပွဲဝင်အားကစားသမားများအတွက်လည်း ဆုတောင်းစကား ပြောကြားခဲ့သည်။
ပတ်လမ်းတို အမြန်စကိတ်စီးသမားဖြစ်ကာ ၂၀၁၈ ဖြောင်းချန်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုနှစ်ကြိမ် ဆွတ်ခူးခဲ့သည့် Wu Dajing က လူငယ်ပါရမီရှင်များ၏ စွမ်းပကားကို မြင်တွေ့ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။
“မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ရာမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဝါရင့် အားကစားသမားတစ်ယောက်အနေနဲ့ မျိုးဆက်သစ် စကိတ်စီးသမားတွေကို လေးစားမိသလို သူတို့တွေ ပြိုင်ပွဲမှာ ကံကောင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု အသက် ၃၀ နှစ်အရွယ် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— အက်စတွန်ဗီလာက ပီအက်စ်ဂျီတိုက်စစ်မှူး မာကို အဆန်စီယိုအား အငှားဖြင့်ခေါ်ယူ
ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းက ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မာကို အဆန်စီယိုအား ရာသီကုန်အထိ အငှားဖြင့်ခေါ်ယူခဲ့သည်။
အဆန်စီယိုမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရီးရဲလ်မက်ဒရစ်မှ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၈ လအကြာတွင် ဗီလာအသင်းထံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
စပိန်လက်ရွေးစင်ကစားသမား အဆန်စီယိုမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူခဲ့သော်လည်း မကြာသေးမီ လများတွင် နည်းပြ လူးဝစ္စ အန်နရီကေးက ၎င်း၏ခြေစွမ်းအား ကျေနပ်အားရခြင်း မရှိသဖြင့် ယခုဘောလုံးရာသီတွင် ၁၆ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။
…..
— WTT Singapore Smash စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်ကစားသမားများ လက်စွမ်းပြခဲ့ပြီး Sun Yingsha နောက်တစ်ဆင့်သို့ တက်ရောက်
ဖေဖော်ဝါရီ ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Singapore Smash ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်-၁ ကစားသမား Sun Yingsha က ပွဲဦးထွက်၌ လက်စွမ်းပြခဲ့ပြီး တောင်ကိုရီးယားမှ Suh Hyo အား ၃ ပွဲပြတ် အနိုင်ရရှိကာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၏ ၃၂ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
Sun က ပွဲစကတည်းကပင် အသာစီးယူနိုင်ခဲ့ပြီး ပထမဆုံးနှစ်ပွဲတွင် ၁၁-၃ မှတ်ဖြင့် အနိုင်ရရှိခဲ့သလို တတိယပွဲတွင်လည်း ၁၁-၇ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
တရုတ်အသင်းအတွက် အောင်မြင်မှု အများအပြားရယူနိုင်သည့် နေ့တစ်နေ့ဖြစ်ခဲ့ကာ အမျိုးသားနှင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ရှစ်ပွဲအနက် ခုနစ်ပွဲအနိုင်ရရှိခဲ့ပြီး Xiang Peng တစ်ဦးသာလျှင် ဂျာမနီမှ Dimitrij Ovtcharov အား သုံးပွဲပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
…..
— ဂျူဗင်တပ်စ်က နယူးကာဆယ်နောက်ခံလူ ကယ်လီအား အငှားဖြင့်ခေါ်ယူ
အီတလီစီးရီးအေ ထိပ်တန်းအသင်း တစ်သင်းဖြစ်သည့် ဂျူဗင်တပ်စ်က အသင်း၏ခံစစ်ကို အင်အားဖြည့်တင်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ နယူးကာဆယ်နောက်ခံလူ လွိုက်ကယ်လီအား အငှားဖြင့်ခေါ်ယူခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်၌ အတည်ပြုခဲ့သည်။
ဂျူဗင်တပ်စ်အသင်းမှာ ဂလီဆန် ဘရီမာနှင့် ဟွမ်ကာဘယ်တို့အား ဒဏ်ရာပြဿနာကြောင့် ကာလရှည် လက်လွှတ်ရမည်ဖြစ်သဖြင့် ခံစစ်အတွက် လူရွေးချယ်ရာတွင် အကန့်အသတ်ရှိနေခြင်းဖြစ်သည်။
၁၉၉၈ ခုနှစ်ဖွားဖြစ်သည့် ကယ်လီမှာ ဗဟိုနောက်ခံလူဖြစ်သော်လည်း ဘယ်အစွန်နောက်ခံလူအဖြစ်လည်း ကစားနိုင်ပြီး ယခုနွေရာသီတွင် ဘုန်းမောက်မှ နယူးကာဆယ်ထံ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကာ စုစုပေါင်း ၁၄ ပွဲ ပါဝင်ကစားခဲ့သည်။ (Xinhua)
………………………..
(English Version)
China’s Olympic champions carry torch for Asian Winter Games
China’s Olympic champions, including Sheng Lihao, Wu Dajing, and Sui Wenjing, participated in the torch relay for the 9th Asian Winter Games in Harbin on Monday. They praised the event’s preparations and extended their best wishes to the athletes.
Wu Dajing, a short-track speed skater and two-time Winter Olympic gold medalist at PyeongChang 2018 and Beijing 2022, expressed his excitement about seeing young talent shine.
“It’s my honor to participate in the torch relay,” Wu said. “As a veteran, I admire the younger generation of skaters and want to wish them good luck in the competition,” the 30-year-old added.
…..
Aston Villa signs Asensio on loan from PSG
Aston Villa completed a loan for Paris Saint-Germain’s striker Marco Asensio until the end of the season. Asensio joins after 18 months at PSG, whom he joined on a free transfer from Real Madrid.
The Spain international has scored seven times in 41 matches for the French side, but has fallen out of favor with coach Luis Enrique in recent months and only made 16 appearances this season.
…..
Sun Yingsha advances as Chinese players shine at WTT Singapore Smash
World No. 1 Sun Yingsha made a strong start at the World Table Tennis (WTT) Singapore Smash on Monday, defeating South Korea’s Suh Hyo-won 3-0 to move into the women’s singles round of 32.
Sun took control early, winning the first two games 11-3 before closing out the match 11-7.
The Chinese team had a successful day, winning seven of eight matches in the men’s and women’s singles events, with Xiang Peng losing 3-0 to Germany’s Dimitrij Ovtcharov.
…..
Juventus signs Newcastle defender Kelly on loan
Juventus continued to bolster its back-line as the Italian Serie A giant on Monday confirmed the loan move of Newcastle United defender Lloyd Kelly.
Juve had been short of options in defense, having lost Gleison Bremer and Juan Cabal to long-term injuries.
Born in 1998, Kelly is a central defender who can also play at left-back. He joined Newcastle from Bournemouth in the summer, featuring in a total of 14 matches for the Magpies.